Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Agent Awarding Ceremony (Award Post)

FNI (General) နှင့်အတူ လက်တွဲလုပ်ကိုင်လာကြသော အာမခံကိုယ်စားလှယ်တော်ကြီးများအတွက် ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ၊ (၇) ရက်နေ့က ERAVATI Hotal (Yangon) တွင် ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ CEO Mr.Indren Stephen Naidoo၊ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအနှံ့မှ ဆုရအာမခံကိုယ်စားလှယ်တော်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ခဲ့ကြပါသည်။

FNIG နှင့်လက်တွဲဆောင်ရွက်ခဲ့ကြသော Upper Region မှ အာမခံကိုယ်စားလှယ် (၃) ဦး ၊ Lower Region မှ အာမခံကိုယ်စားလှယ် (၃) ဦး ၊ Yangon Region မှ အာမခံကိုယ်စားလှယ် (၃)ဦး ၊ Corporate Agency ( ၂ )ခုတို့အား (CEO’s Award) ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုပန်းစီး များချီးမြင့်ခဲ့ပြီး FNIG နှင့်လက်တွဲ လျက်ရှိသော Rising Star ( ၂ ) ဦးတို့အား Excellence in Support Award ဆုတို့ကို ချီးမြင့်ခဲ့ပါသည် ထို့နောက် Emperor Music Band ၏ဖျော်ဖြေမှုနှင့် အတူ အာမခံကိုယ်စားလှယ်တော်ကြီးများနှင့် တက်ရောက်လာသော ဧည့်သည်တော်များ ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါသည်။

#FNIG

#AgentAwardCeremony

#AgentAward

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI