Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

About Agency

← Back to Agency Event

အာမခံကိုယ်စားလှယ်တော်ကြီးများနှင့်အတူ အပြန်အလှန်နှီးနှောဖလှယ်ခြင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့

FNI (General) နှင့် အာမခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၀) ရက်နေ့က Prime Hill Business Square နှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၄) ရက်နေ့က Hotel Civil Lines (Mandalay) ၌ Agent Meeting ကျင်းပပြုလုပ်ခဲ့ရာ FNIG မှ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) ၊ ဒေါ်မိုးသန္တာထွဋ် (Chief of Operation) ၊ ဒေါ်အိကလျာလှိုင် (Dy. Head of Agency) နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော အာမခံကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
FNIG နှင့် လက်တွဲဆောင်ရွက်ခဲ့ကြသော Yangon Region မှ ကိုယ်စားလှယ် (၃) ဦးနှင့် Corporate Agency (၃) ခု တို့ ၊ Mandalay Region မှ ကိုယ်စားလှယ် (၃) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Deputy Managing Director ၊ Chief of Operation နှင့် တာဝန်ရှိသူတို့မှ ဦးဆောင်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။