Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

𝐀𝐠𝐞𝐧𝐭 𝐀𝐰𝐚𝐫𝐝𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲

FNI (General) နှင့်အတူ လက်တွဲလုပ်ကိုင်လာကြသော အာမခံကိုယ်စားလှယ်တော်ကြီးများအတွက် ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ၊ (၇) ရက်နေ့က ERAVATI Hotal (Yangon) တွင် ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ CEO Mr.Indren Stephen Naidoo၊ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအနှံ့မှ ဆုရအာမခံကိုယ်စားလှယ်တော်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ခဲ့ကြပါသည်။

အဆိုပါပွဲ အခမ်းအနားတွင် FNIG ၏ CEO Mr.Indren Stephen Naidoo ကအဖွင့်အမှာစကားပြောကြားပေးပြီး၊ ဆက်လက်၍ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) မှအာမခံကိုယ်စားလှယ်တော်ကြီးများအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါ်အိကလျာလှိုင် (Dy.HOD, Agency Department)  မှအာမခံကိုယ်စားလှယ်များနှင့်အတူ ရှေ့ဆက်လက်တွဲလုပ်ဆောင်ကာ အောင်မြင်မှုများကို လက်တွဲရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း  လက်တွဲဆောင်ရွက်ခဲ့ကြသော ထူးချွန် အာမခံကိုယ်စားလှယ်ကြီးများအား (CEO’s Award) ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုပန်းစီး များချီးမြင့်ခဲ့ပါသည်။ ထို့နောက် Emperor Music Band ၏ဖျော်ဖြေမှုနှင့် အတူ အာမခံကိုယ်စားလှယ်တော်ကြီးများနှင့် တက်ရောက်လာသော ဧည့်သည်တော်များ ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါသည်။

 

#FNIG

#AgentAwardCeremony

#AgentAward

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI