Call Center:01-9010900
24 Hours Claim Hotline:09-940777888
Call Center:01-9010900 24 Hours Claim Hotline: 09-940777888FNI (General) နှင့် အာမခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၀) ရက်နေ့က Prime Hill Business Square နှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၄) ရက်နေ့က Hotel Civil Lines (Mandalay) ၌ Agent Meeting ကျင်းပပြုလုပ်ခဲ့ရာ FNIG မှ ဦးအောင်ကိုကိုတင်ဝင်း (Deputy Managing Director) ၊ ဒေါ်မိုးသန္တာထွဋ် (Chief of Operation) ၊ ဒေါ်အိကလျာလှိုင် (Dy. Head of Agency) နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော အာမခံကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
FNIG နှင့် လက်တွဲဆောင်ရွက်ခဲ့ကြသော Yangon Region မှ ကိုယ်စားလှယ် (၃) ဦးနှင့် Corporate Agency (၃) ခု တို့ ၊ Mandalay Region မှ ကိုယ်စားလှယ် (၃) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Deputy Managing Director ၊ Chief of Operation နှင့် တာဝန်ရှိသူတို့မှ ဦးဆောင်၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။








Copyright © 2026, First National Insurance.
Powered By Aceplus Solutions Co., Ltd.