Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

ပထမအမျိုးသားအာမခံ (FNI) က မြန်မာ့အာမခံလောကတွင် ပထမဦးဆုံး နိုင်ငံတကာအရည်အသွေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စံချိန်စံညွှန်းမီ “ISO 9001:2015” အသိအမှတ်ပြုလက်မှတ်ရရှိ

မြန်မာ့အာမခံ လောက ဖွံ့ဖြိုးတိုးတက်စေရန် အမြဲကြိုးပမ်းအားထုတ်ကာ ပြည်သူလူထုကို အာမခံဝန်ဆောင်မှုများ ပေးလျက်ရှိသော ပထမအမျိုးသားအာမခံ (FNI)  ကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အတွက် စစ်ဆေး ကြပ်မတ်၍ ထုတ်ပေးလျက်ရှိသော Guardian Independent Certification (Myanmar) မှ အရည်အသွေးနှင့် စီမံခန့်ခွဲမှု စနစ်များအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၂ ရက်၊ ယနေ့တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI ရုံးချုပ်၌ GIC မှ ဒေါက်တာတင်လတ်က ပေးအပ်ခဲ့ရာ FNI ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက လက်ခံရရှိခဲ့ပါသည်။

အဆိုပါ Guardian Independent Certification (Myanmar) အနေဖြင့် FNI ၏ အာမခံဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်း၊ စီမံခန့်ခွဲမှုများ၊ ဒေသတွင်းလူမှုအကျိုးပြုပူးပေါင်းဆောင်ရွက်မှုများကိုပါ လာရောက်ကြည့်ရှု့စစ်ဆေးပြီးမှ အဆိုပါ Quality Management System (QMS) အရည်အသွေးစီမံဆောင်ရွက်မှုအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ရာ FNI အနေဖြင့် မြန်မာ့အာမခံလောကအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အောင်မြင်မှုမှတ်တိုင်သစ်တစ်ခု ထပ်တိုးနိုင်ခဲ့ပြီဖြစ်ပါသည်။

ပထမအမျိုးသားအာမခံ (FNI) သည် ထူးကုမ္ပဏီများအုပ်စုဥက္ကဌ၏ လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံအာမခံလောကတွင် ISO မှ သတ်မှတ်ထားသည့် နိုင်ငံတကာစံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးသည့် အသိအမှတ်ပြုလက်မှတ်ရ ပထမဦးဆုံး ပုဂ္ဂလိကအာမခံဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်စေရန် ရည်ရွယ်၍ ISO 9001:2015 လက်မှတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ထိုသို့ရရှိအောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသောသူများနှင့် အတူကြိုးပမ်းအားထုတ်ပေးခဲ့ကြသော FNI ၏ ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

 

#FirstNationalInsurance

#ပထမအမ်ိဳးသားအာမခံ

#ISO9001:2015Certificate

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI