Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

မန္တလေးမှအာမခံကိုယ်စားလှယ်များနှင့်အတူ အလုံးစုံမော်တော်ယာဥ်အာမခံ၊ မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံတို့၏ Terms and Conditions များ နှီးနှောဖလှယ်ခြင်း ကျင်းပပြုုလုပ်ခဲ့

FNI (General) နှင့် အာမခံကိုယ်စားလှယ်များအနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို အလုံးစုံနားလည်သဘောပေါက်ပြီး ရှင်းလင်းသေချာစွာ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ Comprehensive Motor Insurance နှင့် Fire & Allied Perils Insurance တို့၏ Policy Terms & Conditions Sharing Session ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် မန္တလေးမြို့၊ ၈၁ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ FNI (General) ‌မန္တလေးဒေသရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် FNI ၏ Group CEO Mr. Indren Stephen Naidoo မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Comprehensive Motor Insurance နှင့် Fire & Allied Perils Insurance တို့၏ Terms & Conditions များကို တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများမှ တက်ရောက်လာသော အာမခံကိုယ်စားလှယ်များနှင့်အတူ အာမခံဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အပြန်အလှန်အတွေ့အကြုံများ ဖလှယ်ကာ မြန်မာ့အာမခံလောကပိုမိုတိုးတက်စေရန်နှင့် အာမခံသဘောတရားများကို ပိုမိုနားလည်သဘောပေါက်ပြီး အသုံးချလာတတ်စေရန်၊ Customer များ၏ အသက်အိုးအိမ် စည်းစိမ်းများကို အာမခံအကာအကွယ်ဖြင့် ကာကွယ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI