Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

မန္တလေးအာမခံကိုယ်စားလှယ်သင်တန်းကျောင်းခွဲ အောင်မြင်စွာဖွင့်လှစ်ခဲ့

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၉ ရက်နေ့တွင် မန္တလေးမြို့ရှိ အာမခံကိုယ်စားလှယ်သင်တန်းကျောင်းခွဲအား အောင်မြင်စွာဖွင့်လှစ်ခဲ့ရာ FNI Group CEO Mr. Indren Stephen Naidoo၊ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အာမခံကိုယ်စားလှယ်သင်တန်းတက်ရောက်သည့် သင်တန်းသူ/ သင်တန်းသားများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ FNI Group CEO က အဖွင့်အမှာစကားနှင့် အာမခံပညာရပ်ဆိုင်ရာဗဟုသုတများကို မျှဝေပေးခဲ့ပြီး Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းက အာမခံကိုယ်စားလှယ် သင်တန်းသူ/ သင်တန်းသားများကို နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Agency Department Head ဒေါ်ဇာခြည်သဲမှ သင်တန်းဆရာ/ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီး FATC’s General Insurance Agent Training (Mandalay Batch) အား စုပေါင်းဓါတ်ပုံရိုက်ကူးစွာ အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI