Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ

First National Insurance မိသားစု၏ နှစ်စဉ်ကျင်းပစိုက်ပျိုးပြုလုပ်သော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်နေ့က ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း၊ ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းနှင့် ဝန်ထမ်းများမှ သင်းဝင်၊ ယမနေ၊ ပိတောက်၊ မန်ဂျန်၊ အော်ဒီရှား၊ မဟော်ဂနီ၊ တမလန်း၊ ဝါး အစရှိသည့် ပျိုးပင်ပေါင်း ၃၀၀ ကို စိုက်ပျိုးခဲ့ကြပြီးနောက် ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း၏ ကျောင်းအုပ်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ, ဓမ္မာစရိယ ဒေါက်တာအရှင်ပညောဘာသ(ပန်းပျိုးလက်)မှ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ လာရောက်ကြသော ဝန်ထမ်းများအား မနက်စာ မုန့်ဟင်းခါး၊ နေ့လည်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးပါသည်။ ထို့နောက် FNI မှ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း Green Forest Development အတွက် အလှူငွေကျပ် ၁,၀၀၀,၀၀၀ ကို လှူဒါန်းခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI