Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

အလုံးစုံမော်တော်ယာဉ်အာမခံလျော်ကြေးပေးအပ်ခြင်း

First National Insurance တွင် အာမခံထားငွေ ကျပ် -၃၃,၃၀၀,၀၀၀/-၊ အာမခံကြေး ကျပ် -၄၂၉,၄၀၀/- ဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသည့် DAYUN Dump Truck အမျိုးအစားမော်တော်ယာဉ်သည် ကလေးဝမြို့၊ ကလေး-ကလေးဝလမ်း၊ မိုင်တိုင်အမှတ်(၆)၊ ချောင်းကျဉ်းကျေးရွာ၊ မကျည်းပင်တံတားအနီးတွင် မျက်နှာချင်းဆိုင်ဘက်မှလာသော ဆိုင်ကယ်တစ်စီးသည် မိမိယာဉ်ကြောဘက်သို့ တိုးဝင်လာသဖြင့် ရုတ်တရက် စီယာတိုင်အား ဘယ်ဘက်သို့ဆွဲယူရာမှ အရှိန်လွန်ပြီး ကားတစ်စီးလုံးချောက်ထဲသို့ကျကာ ယာဉ်ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါထိခိုက်ပျက်စီးမှုတွင် အာမခံထားသည့်ယာဉ်ပျက်စီးခြင်းအတွက် လျော်ကြေးငွေ ကျပ် -၉,၅၄၉,၂၀၀/- (ကိုးဆယ့်ငါးသိန်းလေးသောင်းကိုးထောင့်နှစ်ရာကျပ်တိတိ) ကို (၁၄.၈.၂၀၂၀) သောကြာနေ့တွင် အမှတ် (၇/၄)၊ ဗိုလ်ချုပ်လမ်း၊ စမ်းမြို့ရပ်၊ ကလေးမြို့ရှိ FNI (ကလေးရုံးခွဲ) တွင် အာမခံထားရှိသူထံသို့ ပေးလျော်ခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI