Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

အာမခံကိုယ်စားလှယ်များနှင့်အတူ အလုံးစုံမော်တော်ယာဉ်အာမခံ၏ Terms and Conditions များ နှီးနှောဖလှယ်ခြင်း ကျင်းပပြုလုပ်ခဲ့

FNI (General) နှင့် အာမခံကိုယ်စားလှယ်များအနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို အလုံးစုံနားလည်သဘောပေါက်ပြီး ရှင်းလင်းသေချာစွာ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အလုံးစုံမော်တော်ယာဉ်အာမခံ၏ Policy Terms & Conditions Sharing Section ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် FNI (General) ၏ CEO မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Head of Agency မှ Comprehensive Motor Policy Terms & Conditions အား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ တက်ရောက်လာသော အာမခံကိုယ်စားလှယ်များနှင့်အတူ အာမခံဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အပြန်အလှန် အတွေ့အကြုံများဖလှယ်ကာ မြန်မာ့အာမခံလောကပိုမိုတိုးတက်လာစေရန်နှင့် အာမခံသဘောတရားများကို ပိုမိုနားလည်သဘောပေါက်ပြီး အသုံးချလာတတ်စေရန်၊ Customer များ၏ အသက်အိုးအိမ်စည်းစိမ်များကို အာမခံအကာကွယ်ဖြင့် ကာကွယ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI