Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

10 Years Anniversary & Staff Party

ကျွန်တော်တို့ First National Insurance (FNI) ဟာ ပြည်သူတွေအတွက် အာမခံရဲ့ ကောင်းမွန်တဲ့အနှစ်သာရတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးလာခဲ့တာ ယခုနှစ် ဩဂုတ်လမှာဆိုရင် (၁၀) နှစ် ပြည့်မြောက်ခဲ့ပါပြီ။

FNI ရဲ့ (၁၀) နှစ်ပြည့် နှစ်ပတ်လည် ပွဲအခမ်းအနားကိုတော့ ရန်ကုန်မြို့ရှိ Pan Pacific Hotel မှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၂) ရက်နေ့၊ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ နှစ်ပတ်လည်ပွဲအခမ်းအနားမှာ FNI ရဲ့ CEO Mr. Indern Stephen Naidoo က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Dy. Managing Director U Aung Ko Ko Tin Win က အမှတ်တရစကား ပြောကြားပေးခဲ့ပါတယ်။

ထို့နောက် ၁၀နှစ်ပြည့်ဝန်ထမ်း​တွေနဲ့ ထူးချွန်ဝန်ထမ်းတွေကို ဆုချီးမြှင့်ပေးခြင်း၊ တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေနဲ့အတူ ညစာစားသုံးခြင်း၊ Unplugged နဲ့ Lucky Draw အစီအစဥ်တွေ ပြုလုပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။

#FirstNationalInsurance_General

#FNI #Insurance #10_years #Anniversary

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI