Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Agency Networking Dinner (Mandalay)

FNI (General) ၏ မန္တလေးမှအာမခံကိုယ်စားလှယ်တော်များနှင့်အတူ အာမခံနှင့်ပတ်သက်သော ဗဟုသုတများကို နှီးနှောဖလှယ်ခဲ့သည့် မှတ်တမ်းတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၈ရက်နေ့တွင် မန္တလေးမြို့ ရှိ “ibis Styles Hotel” ၌ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ Chief Executive Officer၊ Deputy Managing Director၊ Head of Agency နှင့် ဖိတ်ကြားထားသော မန္တလေးမှ အာမခံကိုယ်စားလှယ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ Chief Executive Officer Mr.Indren Stephen Naidoo က အတူလက်တွဲလုပ်ဆောင်လျက်ရှိသော အာမခံကိုယ်စားလှယ်တော်များကို အဖွင့်ကျေးဇူးတင်စကားနှင့် Value of General Insurance အကြောင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းက အာမခံကိုယ်စားလှယ်တော်ကြီးများနှင့် အတူတကွ အမြဲလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ အတူတကွဆောင်ရွက်လာသော အာမခံကိုယ်စားလှယ်တော်ကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။

 

ထို့နောက် Head of Agency ဒေါ်ဇာခြည်သဲက Agent Benefit Plan များကိုရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ အာမခံကိုယ်စားလှယ်ကြီး ဉီးမြင့်ဆွေမှ အာမခံကိုယ်စားလှယ်တယောက်၏ အတွေ့အကြုံများကိုဝေမျှ ပြောကြားပေးခဲ့ပါသည်။

 

ထို့နောက် အာမခံကိုယ်စားလှယ်ကြီးများနှင့် အတူ Poolside တွင်ခင်မင်ရင်းနှီးစွာ ညစာသုံးဆောင်ခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI