Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Agent Appreciation Night & Networking Dinner

FNI (General) နှင့် အတူလက်တွဲလုပ်ကိုင်လာကြသော အာမခံကိုယ်စားလှယ်များအတွက် ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ Chief Executive Officer Mr.Indren Stephen Naidoo၊ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအနှံမှ ဆုရအာမခံကိုယ်စားလှယ်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Chief Executive Officer Mr.Indren Stephen Naidoo က အတူလက်တွဲလုပ်ဆောင်လျက်ရှိသော အာမခံကိုယ်စားလှယ်တို့ကို အဖွင့်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဆက်လက်၍ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းက အာမခံကိုယ်စားလှယ်ကြီးများနှင့် အတူတကွ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ အစဉ်အဆက် အတူလက်တွဲဆောင်ရွက်လာသော အာမခံကိုယ်စားလှယ်ကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက်     Head of Agency ဒေါ်ဇာခြည်သဲမှ Agency Department အနေဖြင့် အာမခံကိုယ်စားလှယ်များနှင့် အတူရှေ့ဆက် လက်တွဲလုပ်ဆောင်ကာ အောင်မြင်မှုများကိုလက်တွဲရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (၂၀၂၁-၂၀၂၂) ခုနှစ်အတွင်း လက်တွဲဆောင်ရွက်ခဲ့ကြသော ရန်ကုန်တိုင်းမှ အာမခံကိုယ်စားလှယ် (၅) ဦး၊ အောက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် (၁) ဦးနှင့် အထက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် (၅) ဦးတို့အား The Best Agent of The Year (CEO’s Award) ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၂၀၂၁-၂၀၂၂) မှ စတင်၍ FNI (General) နှင့် လက်တွဲလုပ်ကိုင်လာသော အာမခံကိုယ်စားလှယ်များထဲမှ (၅) ဦးအား Rising Star Award ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် Fire Insurance အထူးအစီအစဉ်တွင် ပါဝင်ခဲ့သည့် ထူးချွန်အာမခံကိုယ်စားလှယ် (၃) ဦးကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI