Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Agent Awarding Ceremony

FNI (General) နှင့် အတူလက်တွဲလုပ်ကိုင်လာကြသော အာမခံကိုယ်စားလှယ်များအတွက် ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ Chief Executive Officer Mr. Indren Stephen Naidoo၊ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအနှံ့မှ ဆုရအာမခံကိုယ်စားလှယ်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ Chief Executive Officer Mr. Indren Stephen Naidoo က အဖွင့် အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ ဆက်လက်၍ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းက အာမခံကိုယ်စားလှယ်ကြီးများအား ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခြင်း၊ ၎င်းနောက် Chief Agency Officer ဒေါ်ဇာခြည်သဲက Agency Department အနေဖြင့် အာမခံကိုယ်စားလှယ်များနှင့် အတူရှေ့ဆက် လက်တွဲလုပ်ဆောင်ကာ အောင်မြင်မှုများကိုလက်တွဲရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း လက်တွဲဆောင်ရွက်ခဲ့ကြသော အထက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် (၅) ဦးနှင့်  အောက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် (၅) ဦး စုစုပေါင်း (၁၀) ဦးတို့အား  (CEO’s Award) ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး FNI (General) နှင့် လက်တွဲလုပ်ကိုင်လျက်ရှိသော အာမခံကိုယ်စားလှယ် (၅) ဦးအား Rising Star Award ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်မှစ၍ FNIG တစ်ခုတည်းနှင့်သာ လက်တွဲလုပ်ကိုင်လာသော အာမခံကိုယ်စားလှယ် (၁) ဦးအား Loyalty Award ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့အပြင် FNIG နှင့် Corporate ချုပ်ဆိုထားသော Corporate Agency Company (၄) ခုအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် Magic show များ၊ Game အစီအစဉ်များ၊ Alice band ၏ဖျော်ဖြေမှုများအား အာမခံကိုယ်စားလှယ်တော်ကြီးများနှင့် အတူ ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI