Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI က Mandalay Travel Fair 2019 တွင် Silver Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့

FNI (ပထမအမျိုးသားအာမခံ) က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မန္တလေးမြို့၊ မန္တလာသီရိအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည့် Mandalay Travel Fair 2019 တွင် Silver Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။

အဆိုပါ Mandalay Travel Fair 2019 ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။

Mandalay Travel Fair 2019 ဖွင့်ပွဲအခမ်းအနားကို အဆိုပါနေ့ နံနက် (၉:၀၀) နာရီတွင် ခရီးသွားဘလော့ကာများ၏ Talk Show များ၊ တိုင်းရင်းသားရိုးရာ အကအလှဖျော်ဖြေခြင်းများ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး FNI အာမခံပြခန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများ၊ Travels & Tours ပြခန်းများ၊ ဟိုတယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအသောက်နှင့် ဒေသထွက်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်နှင့် လူသုံးကုန်ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ (၂) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ Mandalay Travel Fair 2019 တွင် FNI အနေဖြင့် ပြည်တွင်း/ ပြည်ပခရီးစဉ်များကို ခရီးသွားလာကြမည့် မိတ်ဟောင်းမိတ်သစ်များအတွက် ခရီးသွားအာမခံကို အထူးဝန်ဆောင်မှုပေးခဲ့ပြီး ခရီးသွားအာမခံထားရှိခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဆွေးနွေးတင်ပြခြင်းနှင့် အမှတ်တရလက်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် အာမခံစနစ်ဖြင့် အကာအကွယ်ပြုစေရန်၊ မြန်မာ့အာမခံနယ်ပယ် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်၊ ပြည်တွင်း/ ပြည်ပခရီးသွားများအကြား အာမခံအကြောင်း ပိုမိုနားလည်သဘောပေါက်ကာ အသုံးချလာတတ်စေရန် ရည်ရွယ်၍ ယခုလို Silver Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သောကကင်းဝေး စိတ်အေးစေနိုင် FNI

 

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI