Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI က Myanmar Tourism Conference 2018 တွင် Silver Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့

FNI (ပထမအမျိုးသားအာမခံ) က ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၁၂ ရက်၊ အင်္ဂါနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ှဗင်းရှင်ဗဟိုဌာန – ၂ ၌ ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားကွန်ဖရင့် ၂၀၁၈ (MTC 2018) ကို Silver Sponsor အဖြစ် ပါဝင်ပံ့ပိုးထားပါသည်။

နေပြည်တော်မြို့တွင် ပထမအကြိမ်ကျင်းပသည့် အဆိုပါမြန်မာနိုင်ငံခရီးသွားကွန်ဖရင့် ၂၀၁၈ (MTC 2018) ကိုယနေ့နံနက် (၉းဝ၀) နာရီတွင် စတင်ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါမြန်မာနိုင်ငံခရီးသွားကွန်ဖရင့် ၂၀၁၈ တွင် FNI အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနပြခန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းပြခန်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းပြခန်း၊ တိုင်းရင်းသားရိုးရာပြခန််းများ၊ မြန််မာနိုင်ငံဆိုင်ရာသတင်းအချက်အလက်နှင့် နည်းပညာပြခန်း၊ မြန်မာနိုင်ငံအမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းပြခန်းများနှင့်အတူ အာမခံပြခန်းအနေဖြင့် ပါဝင်ပြသခဲ့ပြီး FNI Booth တွင် ကွန်ဖရင့်ပွဲတက်ရောက်လာကြသော ဧည့်သည်တော်များကို အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။

အဆိုပါပထမအကြိမ်ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားကွန်ဖရင့် ၂၀၁၈ သည် ခရီးသွားလုပ်ငန်းကို နိုင်ငံတော်၏ ဦးစားပေးစီးပွားရေးမူဝါဒတွင်ပါဝင်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကိုပေါ်လွင်ရန်၊ မြန်မာနိုင်ငံ၏ပုံရိပ်ကိုပိုမိုမြှင့်တင်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်၊ နိုင်ငံတော်ရှိတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ၊ သဘာဝပတ်ဝန်းကျင်များကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အခွင့်အလမ်းများကို ပြည်သူများမျှဝေခံစားနိုင်ကြရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်ပြီး FNI အနေဖြင့် ယခုလို Silver Sponsor အဖြစ် ပါဝင်ခဲ့ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI