Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI နှင့် လက်တွဲလုပ်ကိုင်နေကြသော အာမခံကိုယ်စားလှယ်တော်ကြီးများအတွက် “Step into Greatness” သင်တန်းပို့ချ

FNI နှင့် လက်တွဲလုပ်ကိုင်နေကြသော အာမခံကိုယ်စားလှယ်တော်ကြီးများအတွက် “Step into Greatness” သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ Prime Hill Business Square တွင်အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းအား နည်းပြအဖြစ် မြန်မာနိုင်ငံ၏ ပထမဆုံး CEO Coach & NLP Master Trainer U Naing Win Aung မှ ဘဝတိုးတက်စေရန်အတွက် တားဆီးထားတဲ့ အတားအဆီးတွေကို ကိုယ်တိုင်ဘယ်လိုဖြတ်ကျော်နိုင်စေဖို့ အဓိကထား ပြောကြားပေးသွားခဲ့ပါသည်။ သင်တန်းအဖွင့်အမှာစကားကို FNI ၏ Chief Executive Officer Mr.Indren Stephen Naidoo မှပြောကြားပေးခဲ့ပြီး အာမခံကိုယ်စားလှယ်တော်ကြီးများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းအပြီးတွင် သင်တန်းအချိန်တစ်လျှောက်လုံး စိတ်ဝင်စားစွာ တက်ရောက်ခဲ့ကြသော အာမခံကိုယ်စားလှယ်တော်ကြီးများအား Certificate ပေးအပ်ခြင်း ပြုလုပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများလည်း ရိုက်ကူးခဲ့ကြကာ အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI