Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI မိသားစု၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာတော်

FNI မိသားစု၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ရေစက်ချ တရားနာပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ် ဘုရားခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ FNI (General) မှ Dy. Managing Director ဦးအောင်ကိုကိုတင်ဝင်း၊ FNI (Life) မှ ED ဦးကျော်ထက်၊ ဌာနအကြီးအကဲများနှင့် FNI ဝန်ထမ်းများတက်ရောက်ကာ ငါးပါးသီလခံယူ၍ ကထိန်လျာသင်္ကန်းအား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

ယခုလှူဒါန်းရသော စုပေါင်းမဟာဘုံကထိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာ (၄) လမ်း၊ ဇိနမာန်အောင်ဘုရားမြောက်ဖက်မုဒ်ရှိ ပညာလင်္ကာရကျောင်းတိုက်တွင် ပုရိမဝါမှ ထတော်မူကြကုန်သော သံဃာတော်များနှင့် ပင့်သံဃာတော်ရှင်သူမြတ်တို့ကို FNI မိသားစုမှ (၁၁) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းဖြစ်ပြီး ငွေကျပ် (၈၆၉,၀၀၀/-) တန်ဖိုးရှိ ငွေပဒေသာပင် (၁) ပင်၊ ငွေကျပ် (၁,၃၂၇,၆၂၄/-) တန်ဖိုးရှိ ပဒေသာပင် (၂) ပင်နှင့်အတူ အခြားလှူဖွယ်ပစ္စည်းများအပါအဝင် စုစုပေါင်းလှူဒါန်းတန်ဖိုး (၄,၂၆၆,၆၂၄/-) ကျပ်အား လှူဒါန်းခဲ့မှုများကို FNI ၏ မိတ်ဆွေအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုစေနိုင်ရန် ဝေမျှပေးလိုက်ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI