Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI 2022 Kick-Off & Appreciation Night

𝐅𝐍𝐈  နှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိသော မိတ်ဟောင်းမိတ်သစ်များ၊ အာမခံကိုယ်စားလှယ်များနှင့် စွမ်းဆောင်ရည်မြင့်ဝန်ထမ်းများအတွက် မှတ်တမ်းတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ၊ ၂၅ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ကျင်းပပြုလုပ်ခဲ့ရာ FNI ၏ Chief Executive Officer Mr.Indren Stephen Naidoo၊ Deputy Managing Director နှင့် FNI (Life) Executive Director၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာမခံကိုယ်စားလှယ်ကြီးများ၊  စွမ်းဆောင်ရည်မြင့်ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲတွင် ရှေးဦးစွာ Chief Executive Officer Mr.Indren Stephen Naidoo က အတူလက်တွဲလုပ်ဆောင်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဟောင်းမိတ်သစ်များ၊ အာမခံကိုယ်စားလှယ်ကြီးများနှင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော စွမ်းဆောင်ရည်မြင့်ဝန်ထမ်းတို့ကို အဖွင့်ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ ထို့နောက် Chief Executive Officer မှ Loyal Partner နှင့် Corporate Agent တို့ကို Appreciation Certificate ပေးအပ်ခဲ့ပြီး အာမခံကိုယ်စားလှယ်တော်ကြီး ၄ ဦးတို့ကို ဂုဏ်ပြုပန်းစည်းပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ Chief Executive Officer၊ Deputy Managing Director၊ FNI (Life) Executive Director နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဒေသရုံးခွဲ ၅ ရုံးနှင့် ဝန်ထမ်း ၂၄ ဦးတို့ကို CEO’s Award ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုညစာစားပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI