Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီအတွက် Sponsorship စာချုပ်ချုပ်ဆိုခဲ့

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီအတွက် Sponsorship သဘောတူစာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၃) ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ FNI (General) ၏ CEO Mr. Indren Stephen Naidoo၊ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ FNI (General) ၏ CEO Mr. Indren Stephen Naidoo က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် Sponsorship သဘောတူစာချုပ်ကို အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI