Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ၂၀၂၃ ဘောလုံးရာသီအတွက် Sponsorship စာချုပ်ချုပ်ဆိုခဲ့

FNI (General) နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ၂၀၂၃ ဘောလုံးရာသီအတွက် Sponsorship သဘောတူစာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်း၊ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ အသင်းတာဝန်ရှိသူများ၊ ကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

ရှေးဦးစွာ FNI (General) ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက ယခုလိုပံ့ပိုးကူညီခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် အောင်မြင်မှုအစဉ်အလာကြီးမားသည့်အပြင် နှစ်စဉ်အသင်းဖွဲ့စည်းမှုကိုလည်း တက်ကြွစွာလုပ်ဆောင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်စဉ်ပံ့ပိုးကူညီပေးသွားချင်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

ထို့နောက် Sponsorship သဘောတူစာချုပ်ကို အပြန်အလှန်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

 

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI