Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI (General) ၏ ဝန်ထမ်းများအတွက် Management Development Program

First National Insurance (General) အနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို ကြိုးပမ်းဖြည့်ဆည်းပေးလျက်ရှိသလို Internal Customer များဖြစ်တဲ့ဝန်ထမ်းများအတွက် လုပ်ငန်းခွင်စွမ်းရည် ပြည့်ဝတိုးတက်လာစေရေးနှင့် ပြင်ပဆက်ဆံရေးနယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်နိုင်မှုစွမ်းရည် ပိုမိုတိုးတက်လာစေရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် စီမံခန့်ခွဲမှုနယ်ပယ်အတွက် လိုအပ်တဲ့စွမ်းရည်တွေကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့အစီအစဉ်ဖြစ်တဲ့ Management Development Program (MDP) ကို ဖန်တီးဖော်ဆောင်လျက်ရှိပါသည်။ FNI (General) ရုံးချုပ်နှင့် နယ်ရုံးခွဲအားလုံးရှိ ဝန်ထမ်းများထဲမှ Candidate ၁၅ ဦးကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းတစ်ဦးကို လုပ်ငန်းခွင်ထဲသာမက စီမံခန့်ခွဲမှုအပိုင်းအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

ရွေးချယ်ခံ Candidate ၁၅ ဦးအနေဖြင့် အဆိုပါ MDP Program အတွက် အချိန် ၂ နှစ်ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ပထမတစ်နှစ်တွင် Management, Leadership, Insurance Subject, Problem Solving, Communication, Technical Skills နှင့် English Language စသည့်သင်တန်းတို့ကို သင်ယူလေ့လာရမည့်အပြင် ရုံးချုပ်ရှိဌာနအသီးသီးတို့တွင် Job Rotation လှည့်လည်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒုတိယနှစ်တွင် နယ်ရုံးခွဲများတွင် အကြိုတာဝန်ယူစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်တို့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ရုံးချုပ်ရှိ ဌာနဆိုင်ရာအကြီးအကဲများမှ ရွေးချယ်ခံ Candidate ၁၅ ဦးတို့ကို Mentoring System ဖြင့် ထိန်းကျောင်းပံ့ပိုးပေးမည်ဖြစ်ပြီး ပထမနှစ်အတွင်းသင်ယူရမည့်သင်တန်းများအတွက် သင်တန်းတစ်ခုပြီးမြောက်တိုင်း အရည်အချင်းတတ်မြောက်ကြောင်း အကဲဖြတ်စစ်ဆေးသည့်အနေဖြင့် Self Presentation, Group Presentation, Team Presentation များပြုလုပ်တင်ပြရမှာဖြစ်ပါတယ်။

အဆိုပါ MDP Program သည် FNI (General) ဝန်ထမ်းများအနေဖြင့် အာမခံလောကအတွက်၊ Customer များအတွက်၊ First National Insurance အတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးဖြည့်ဆည်းပေးနေသော စွမ်းရည်ပြည့်ဝထက်မြက်သည့် ဝန်ထမ်းများဖြစ်လာကြစေရန် ရည်ရွယ်လုပ်ဆောင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI