Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI (Life) နှင့် FNI (General) မှ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံထားရှိပေးခြင်း

Htoo Group of Companies Chairman ဦးတေဇ၏လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါဝေဒနာခံစားနေရသောလူနာများကို အနီးကပ်ထိတွေ့ ကုသပေးလျက်ရှိသော ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေလုပ်သားများအားလုံးအတွက် (COVID-19) မတော်တဆရောဂါကူးစက်ခံရပါက ကျန်းမာရေးအထောက်အပံ့အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်၍ ပထမအမျိုးသားအာမခံ FIRST NATIONAL INSURANCE (Life) နှင့် FIRST NATIONAL INSURANCE (General) Company တို့မှ တစ်နှစ်စာကျန်းမာရေးအာမခံ လှူဒါန်းထားရှိပေးခဲ့ပါသည်။

နိုင်ငံတော်မှပံ့ပိုးနေသော ကျန်းမာရေးကဏ္ဍကို FNI (Life) နှင့် FNI (General) တို့က တစ်ထောင့်တစ်နေရာမှ ပါဝင်ပံ့ပိုးပေးခြင်းအနေဖြင့် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေဝန်ထမ်းများအားလုံးအတွက် စုစုပေါင်းအကာအကွယ်အာမခံကြေးနှင့် အကာအကွယ်အားဖြင့် တစ်ဦးလျှင် ၁၀ သိန်းနှုန်းဖြင့် ဝန်ထမ်းစုစုပေါင်း (၁၁၁) ဦးအတွက် တစ်နှစ်စာကျန်းမာရေးအာမခံအကာအကွယ်ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

ယခုဂုဏ်ပြုပံ့ပိုးပေးအပ်သည့် ကျန်းမာရေးအာမခံပေါ်လစီမှာ (COVID-19) အရေးပေါ်အခြေအနေတွင် Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို အကာအကွယ်ပေးသွားမည့် ကျန်းမာရေးအာမခံအမျိုးအစားဖြစ်ကြောင်း ကျန်းမာရေးအာမခံအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံအုပ်ကြီးထံ အာမခံပေါ်လစီများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယခုလှူဒါန်းမှုသည် FNI မှ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံသို့ ဒုတိယအကြိမ်မြောက်လှူဒါန်းမှုဖြစ်ပြီး ပံ့ပိုးခွင့်ပြုပါသော ဆေးရုံအုပ်ကြီးနှင့် HR ဌာနစီမံခန့်ခွဲမှုအဖွဲ့ဝင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI