Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Manager of the Month & Employee of the Month for June 2022

၂၀၂၂ ခုနှစ်၊ ဇွန်လအတွက် FNI (General) ၏ Manager of the Month နှင့် Employee of the Month ဆုရရှိခဲ့သူများကို ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်တွင် Group CEO မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ပေးအပ်ခဲ့ရာ Manager of the Month for June အတွက် ဦးကောင်းခန့်သော် (Assistant Claims Manager – Claims Department) နှင့် Employee of the Month for June အတွက် ဦးထွန်းထွန်းဦး (Coordinator – CEO Office) တို့က လက်ခံရယူခဲ့ပါသည်။

FNI (General) အနေဖြင့် Customer များအတွက် အာမခံဝန်ဆောင်မှုများကို စိတ်ကျေနပ်အေးချမ်းမှုရရှိစေရန် အလေးထားဆောင်ရွက်နေခြင်းသည်အရေးကြီးသလို FNI (General) ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ စွမ်းဆောင်ရည်ထူးချွန်သည့်ဝန်ထမ်းများကို ဖော်ထုတ်၍ လစဉ်ချီးမြှင့်ရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်မှုရရှိရေးတို့ကို အစဉ်တစိုက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွက် စွမ်းဆောင်ရည်အထူးချွန်ဆုံးမန်နေဂျာနှင့် စွမ်းဆောင်ရည်အထူးချွန်ဆုံးဝန်ထမ်းတို့ကို ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစွမ်းဆောင်ရည်ဆုများကို လစဉ်ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI