Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Motor Vehicle Insurance Policy အား အာမခံကိုယ်စားလှယ်များနှင့်အတူ နှီးနှောဖလှယ်ခြင်း ကျင်းပပြုလုပ်ခဲ့

FNI (General) အနေဖြင့် အာမခံကိုယ်စားလှယ်များနှင့် Customer များအတွက် အာမခံသဘောတရားများကို ရှင်းလင်းသေချာစွာ အလုံးစုံနားလည်သဘောပေါက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ Motor Vehicle Insurance Policy နှီးနှောဖလှယ်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၇ ရက်နေ့တွင် မန္တလေးမြို့၊ ၈၁ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ FNI(General) မန္တလေး‌ဒေသရုံး၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် FNI (General) ၏ Deputy Managing Director U Aung Ko Ko Tin Win မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Chief Agency Officer Daw Zar Che Thel မှ Motor Vehicle Insurance Policy နှင့် Bonus Plan များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အာမခံကိုယ်စားလှယ်ကြီးများမှလည်း Customer များ၏ အသက်အိုးအိမ်စည်းစိမ်များကို အာမခံအကာကွယ်ဖြင့် ကာကွယ်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပူးပေါင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသော အာမခံကိုယ်စားလှယ်များနှင့်အတူ Golden Duck Restaurant ၌ ခင်မင်ရင်းနှီးစွာ နေ့လည်စာသုံးဆောင်ခဲ့ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI