Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

About Agency

← Back to Success & Compensation

ရေကြောင်းပို့ကုန်ပစ္စည်းအာမခံ လျော်ကြေးပေးအပ်ခြင်း

MV. ATK Nyein (102207) ရေယာဉ်ဖြင့် သယ်ဆောင်သည့် First National Insurance (General) Co., Ltd. တွင် ရေကြောင်းကုန်ပစ္စည်းအာမခံထားရှိထားသော Grand Royal Group International Co., Ltd နှင့် Century Beverages Co., Ltd တို့မှ အာမခံတန်ဖိုး စုစုပေါင်း ကျပ် ၉၂၂,၀၄၀,၅၄၀/- (ကိုးထောင်နှစ်ရာနှစ်ဆယ်သိန်း လေးသောင်း ငါးရာ လေးဆယ်ကျပ်) ရှိ ကုန်ပစ္စည်းများသည် ရေယာဉ် မတော်တဆ နစ်မြုပ်မှုဖြစ်ပွား၍ ကုန်ပစ္စည်းများ ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ကုန်ပစ္စည်းများ ဆုံးရှုံးပျက်စီးမှုအတွက် First National Insurance (General) Co., Ltd. က ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ FNI (General) ရုံးချုပ်တွင် Grand Royal Group International Co., Ltd မှ ကုန်ပစ္စည်းများဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် ၄၈၅,၀၉၇,၂၄၀/- (လေးထောင့်ရှစ်ရာငါးဆယ်သိန်း ကိုးသောင်းခုနှစ်ထောင်နှစ်ရာ့လေးဆယ်ကျပ်တိတိ) နှင့် Century Beverages Co., Ltd မှ ကုန်ပစ္စည်းများဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် ၄၃၆,၉၄၃,၃၀၀/- (လေးထောင့်သုံးရာခြောက်ဆယ့်ကိုးသိန်း လေးသောင်းသုံးထောင်သုံးရာကျပ်တိတိ) စုစုပေါင်း လျော်ကြေးငွေ ကျပ် ၉၂၂,၀၄၀,၅၄၀/- (ကိုးထောင်နှစ်ရာနှစ်ဆယ်သိန်း လေးသောင်း ငါးရာ လေးဆယ်ကျပ်တိတိ) ကိုအာမခံထားရှိသူများထံသို့ (၂၁.၇.၂၀၂၆) ရက်နေ့ (ယနေ့) တွင် ပေးလျော်ခဲ့ပါသည်။
FNI အနေဖြင့် ရေကြောင်းကုန်ပစ္စည်းအာမခံကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး လျော်ကြေးကိစ္စပေါ်ပေါက်ပါက (၂၄) နာရီ အာမခံ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ပေါ်လီစီရှင်များအနေဖြင့် မိမိတန်ဖိုးထားရသော ကုန်ပစ္စည်းများ စိတ်အေးချမ်းသာစွာဖြင့် လိုရာသို့ပို့ဆောင်ပေးနိုင် ရန်အတွက် First National Insurance (General) Co., Ltd. တွင် ရေကြောင်းကုန်ပစ္စည်းအာမခံထားရှိသင့်ပါသည်။
ကုန်စည်ပို့ဆောင်ရေးအာမခံနှင့် အခြားသောအထွေထွေအာမခံ အမျိုးအစားများကို စိတ်ဝင်စား၍ မေးမြန်းလိုပါက First National Insurance (General) Co., Ltd. ၏ Call Center ဖုန်း 01 9010900 သို့ အမြန်ဆုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
သောကကင်းဝေး စိတ်အေးစေနိုင် FNI
#FNIG
#MarineCargoInsurance
#Claims