Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

18 Anniversary Flower Festival

(၁၈) ကြိမ်မြောက် ပန်းပွဲတော်ကို “IMMERSIVE FLOWERS FESTIVAL” အမည်ဖြင့် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) မှာ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၆) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာြဖစ်ပြီး အဆိုပါ ပန်းပွဲတော်မှာ FNIG မှ ပါဝင်ပူးပေါင်းဆင်နွဲခဲ့သော အမှတ်တရပုံရိပ်များအား မျှဝေပေးလိုက်ရပါတယ်။

ပွဲတော်ကာလအတွင်း နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုနှင့်အတူ နေ့စဉ်ဖျော်ဖြေတင်ဆက်မှုများ၊ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားသော ဖျော်ဖြေရေးအစီအစဉ်များ အပြင် FNI (General) အနေနဲ့လည်း အတူရှိနေမှာဖြစ်ပြီး လာရောက်ကြသော မိဘပြည်သူများကို (၁၈) ကြိမ်မြောက် ပန်းပွဲတော်အမှတ်တရ Key Change လက်ဆောင်များဝေခြင်း၊ FNIG Photo Booth တွင် Activity များပြုလုပ်၍ အမှတ်တရလက်ဆောင်များ ရယူနိုင်ခြင်းများသာမက အာမခံအကြောင်းသိကောင်းစရာများ၊ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော အာမခံ အမျိုးအစားများအကြောင်း အသေးစိတ်ရှင်းပြဆွေးနွေးပေးခြင်းများ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ ပိုင်ဆိုင်မှုတွေ မတော်တဆဆုံးရှုံးမှုများမှ ကာကွယ်ထားနိုင်ရန်အတွက် အထွေထွေအာမခံအမျိုးအစားတို့ကို အသေးစိတ်လေ့လာမေးမြန်းနိုင်မှာဖြစ်လို့ လာရောက်အပန်းဖြေရင်း အတူတူဆုံရအောင် ဖိတ်ခေါ်လိုက်ရပါတယ်။

#FNIG

#NationalKandawgyiGardens

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI