လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

Download

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

Download

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ လျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၂) လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ လျော်ကြေးတောင်းခံလွှာ နှင့်အတူ အောက်ပါ အထောက် အထားများ ပူးတွဲတင်ပြရန်။
(က)    မတော်တဆသေဆုံးပါက

  • (၁)      အာမခံလက်မှတ်မူရင်း
  • (၂)        သက်ဆိုင်ရာအဖွဲ့အစည်း/တစ်ဦးချင်းမှ သေဆုံးကြောင်း အကြောင်းကြားစာ
  • (၃)       အကျိုးခံစားခွင့်တောင်းခံလွှာ
  • (၄)       သေစာရင်းမိတ္တူ (Death-Certificate)
(ခ)      ရောဂါ/မတော်တဆဆေးရုံတက်ရောက်ပါက

  • (၁)      အာမခံလက်မှတ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်း အထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက်ထောက်ခံစာ
  • (၄)       ဆေးကုသမှုမှတ်တမ်းမိတ္တူ

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

Download

Premium Calculator

Frequently Asked Questions

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် မည်သူများအာမခံထားရှိနိုင်ပါသလဲ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အသက် (၆) နှစ်မှ (၇၅) နှစ်အတွင်းရှိသူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း အာမခံထားရှိနိုင်ပါတယ်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံသက်တမ်းကို ပြောပြပေးပါ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံသက်တမ်းမှာ (၁) နှစ် သတ်မှတ်ထားပါတယ်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အာမခံထားသူ၏ အသက်အရွယ်ပေါ်မူတည်၍ ပရီမီယံနှုန်းကွဲပြားမှုရှိပါတယ်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံဆိုတာ ဘယ်လိုအာမခံအမျိုးအစားပါလဲ။
ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ဆေးရုံတက်၍ ကုသမှုခံယူခြင်း၊ မတော်တဆမှုကြောင့် သေဆုံးခြင်းများအတွက် အကျိုးခံစားခွင့်ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံထားရှိခြင်းဖြင့် မည်သို့သောအကျိုးခံစားခွင့်များ ရရှိနိုင်မလဲ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံထားရှိခြင်းအားဖြင့် ရောဂါကြောင့်(သို့) မတော်တဆမှုကြောင့် ဆေးရုံတက်ကုသရခြင်းအတွက် တစ်နှစ်လျှင် ဆေးရုံတက်ရက် (၁)ရက်အတွက် (၅၀၀၀)ကျပ်ဖြင့် အများဆုံးရက်ပေါင်း(၆၀)အထိ၊ မတော်တဆမှုကြောင့်ထိခိုက်သေဆုံးခြင်းအတွက် ကျပ်(၅)သိန်း စသည့် အကျိုးခံစားခွင့်များရရှိနိုင်ပါသည်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အသက် (၆) နှစ်မှ (၃၀) နှစ်အတွက် အာမခံကြေးဘယ်လောက်ပေးဆောင်ရပါသလဲ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အသက် (၆) နှစ်မှ (၃၀) နှစ်အတွက် အာမခံကြေး (ပရီမီယံ) (၅၀၀၀) ကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ဘယ်လောက်အများဆုံးသတ်မှတ်ထားပါသလဲ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို အနည်းဆုံး (၅၀၀၀) ကျပ်မှ အများဆုံး (၁၃၀၀၀) ကျပ်အထိ အာမခံထားရှိမည့်အသက်အရွယ်ပေါ်မူတည်ပြီး သတ်မှတ်ထားပါတယ်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် အကျိုးခံစားခွင့်လျော်ကြေးအတွက် အကျုံးမဝင်သောအချက်များရှိပါသလား။
မိမိကိုယ်ကိုသတ်သေခြင်း၊ လိမ်လည်တောင်းခံခြင်း၊ ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် (၃)ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ၊ သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းစသည့် အချက်များမှာ အကျိုးခံစားခွင့်လျော်ကြေးအတွက် အကျုံးမဝင်ပါ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် စိတ်ရောဂါဝေဒနာများအတွက် အကျိုးခံစားခွင့်ရှိပါသလား။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများအတွက် အကျိုးခံစားခွင့်အကျုံးမဝင်ပါ။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် ကျန်းမာရေးစစ်ဆေးရန် ဆေးရုံတက်ရခြင်းအတွက် အကျိုးခံစားခွင့်ရှိပါသလား။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံတွင် ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ရခြင်းအတွက် အကျိုးခံစားခွင့်အကျုံးမဝင်ပါ။

coming soon!