မော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်အာမခံ

Download

Motor Vehicle Insurance Terms & Conditions

Download

EV Terms & Conditions

Download

Additional Cover

Download

Motor Vehicle Insurance Policy

Download

မော်တော်ယာဉ် အာမခံလျော်ကြေးပေါ်ပေါက်ပါကလုပ်ဆောင်ရန်အချက်များ

၁။ မတော်တဆထိခိုက်မှုဖြစ်ပါက အောက်ပါဖုန်းနံပါတ်သို့ ချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။
Claim Hot Line  – 09 940777888   
၂။ အောက်ပါစာရွက်စာတမ်း၊ အထောက်အထားများနှင့်တကွ လျော်ကြေးတင်ပြတောင်းခံရန်။

  • လျော်ကြေးတောင်းခံလွှာ
  • သူတစ်ပါးလျော်ကြေးတောင်းခံလွှာ (တစ်ဖက်ယာဉ်နှင့်ထိခိုက်မှုဖြစ်ပါက)
  • Wheel Tax မိတ္တူ
  • Driving Licence မိတ္တူ
  • ရဲစခန်းထောက်ခံချက် (ဖြစ်စဉ်အရလိုအပ်ပါက)
  • ယာဉ်ပျက်စီးမှုဓါတ်ပုံ (သူတစ်ပါးယာဉ်အပါအဝင်)
  • ကိုယ်စားလှယ်လွှဲစာ (အာမခံထားသူကိုယ်စားတောင်းခံလိုပါက)

မော်တော်ယာဉ်အာမခံအဆိုလွှာ

Download

Private Vehicle Premium Calculator

Commercial Vehicle Premium Calculator

Mobile Plant Premium Calculator

Motorcycle Premium Calculator

Social Vehicle Premium Calculator

Additional Cover

Premium for Excess

Third Party Liability

Frequently Asked Questions

မော်တော်ယာဉ်အာမခံကြေးကို ဘယ်လိုတွက်ချက်ပါသလဲ။
မော်တော်ယာဉ်အာမခံထားရှိလိုပါက ခန့်မှန်းကားတန်ဖိုး၊ အင်ဂျင်ပါဝါ၊ အသုံးပြုပုံ၊ ဝယ်ယူလိုသည့် အပိုအကာအကွယ်အပေါ်မူတည်ပြီး ယာဉ်တန်ဖိုးရဲ့ အနည်းဆုံး (၁.၀၇၂%) မှ အများဆုံး (၁.၇၃၄%) လောက် တစ်နှစ်စာ ခန့်မှန်းကျသင့်မှာဖြစ်ပါတယ်။
မော်တော်ယာဉ်အာမခံသက်တမ်းတွေကို ပြောပြပါ။
မော်တော်ယာဉ်အာမခံထားရှိမယ်ဆိုရင် အနည်းဆုံး (၃) လမှ အများဆုံး (၁) နှစ်အထိ အာမခံသက်တမ်းထားရှိနိုင်မှာဖြစ်ပါတယ်။
မော်တော်ယာဉ်အာမခံမှာ ဘယ်လိုယာဉ်အမျိုးအစားတွေကို အာမခံထားရှိနိုင်သလဲ။
(ကညန) မှ တရားဝင်ခွင့်ပြုထားသော ယာဉ်များနှင့် ဝန်ချီစက်၊ မြေတူးစက်၊ မြေသယ်စက်အစရှိတဲ့ Mobile Plant များကိုလဲ အာမခံထားရှိနိုင်မှာဖြစ်ပါတယ်။
မော်တော်ယာဉ်အာမခံထားရှိရန် မည်သည့်အရာများလိုအပ်ပါသလဲ။
မော်တော်ယာဉ်အာမခံထားရှိရန် Owner book မိတ္တူ (သက်တမ်းရှိ)၊ Wheel Tax မိတ္တူ (သက်တမ်းရှိ)၊ ပိုင်ရှင်အမည်ပေါက်မဟုတ်ပါက အရောင်းအဝယ်စာချုပ်တို့ကို ပြသရန်လိုအပ်ပြီး အာမခံထားမည့်ကားကို မျက်မြင်စစ်ဆေးဖို့လိုအပ်ပါသည်။
မော်တော်ယာဉ်အာမခံတွင် အပိုအကာအကွယ်များ ဝယ်ယူလို့ရပါသလား။
မော်တော်ယာဉ်အာမခံတွင် အလုံးစုံအကာအကွယ်အပြင် အပိုအကာအကွယ်အနေဖြင့် စစ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်၊ ကားအခိုးခံရမှု၊ လေကာမှန်အကာအကွယ်တို့အား ဝယ်ယူရရှိနိုင်ပါသည်။
မော်တော်ယာဉ်အာမခံဆိုတာ ဘယ်လိုအာမခံအမျိုးအစားမျိုးဖြစ်ပါသလဲ။
လူကြီးမင်းတို့ပိုင်ဆိုင်သော မော်တော်ယာဉ်များ မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို လျော်ကြေးခံစားခွင့် ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။
မော်တော်ယာဉ်အာမခံကို မည်သူများမှ အာမခံထားခွင့်ရှိပါသလဲ။
မော်တော်ယာဉ်အာမခံကို ယာဉ်ပိုင်ရှင် (သို့မဟုတ်) ယာဉ်ကို တာဝန်ယူကြီးကြပ်သူက အာမခံထားခွင့်ရှိပါသည်။
မော်တော်ယာဉ်အာမခံထားရှိခြင်းဖြင့် မည်သို့သော အကျိုးကျေးဇူးများရရှိနိုင်သလဲ။
မော်တော်အာမခံယာဉ်ထားရှိခြင်းအားဖြင့် ယာဉ်တိုက်မိခြင်း၊ ယာဉ်တိမ်းမှောက်ခြင်း၊ မီးလောင်ပျက်စီးခြင်း၊ ပြင်ပမီးကူးစက်လောင်ခြင်း၊ ယာဉ်အလိုအလျောက်မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ယာဉ်အားမလိုတမာဖျက်စီးခံရခြင်း၊ ယာဉ်ပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း သပိတ်မှောက်၊ အဓိကရုဏ်း၊ ဆူပူထကြွခြင်းကြောင့် မိမိယာဉ်ပျက်စီးခြင်းများကို လျော်ကြေးပြန်လည်ရရှိနိုင်မှာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် သူတစ်ပါးယာဉ်ထိခိုက်ပျက်စီးမှု၊ လူသေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများအတွက်ပါ အကာအကွယ်များ ရရှိနိုင်ပါသည်။
မော်တော်ယာဉ်အာမခံတွင် လျော်ကြေးမဲ့ခံစားခွင့်အား မည်သို့သတ်မှတ်ထားပါသလဲ။
အာမခံထားသည့်သက်တမ်းတစ်နှစ်အတွင်း လျော်ကြေးတောင်းခံခြင်းမရှိပါက နောက်နှစ်သက်တမ်းတိုးသည့်အခါ လျော်ကြေးမဲ့ဆုအဖြစ် ကားအာမခံ၏အခြေခံပရီမီယံပေါ်တွင် ကိုယ်ပိုင်ယာဉ်အတွက် (၂၅%,၃၀%,၄၀%) နှင့် အငှားယာဉ်အတွက် (၁၅%,၂၀%,၂၅%) လျော့ပေးမည်ဖြစ်ပါသည်။
မော်တော်ယာဉ်အာမခံတွင် မည်သို့လျော်ကြေးပေးချေပါသလဲ။
မော်တော်ယာဉ်ပြုပြင်၍မရနိုင်လောက်အောင် လုံးဝပျက်စီးခြင်း(Total Loss) အတွက် အာမခံထားရှိထားသော ယာဉ်တန်ဖိုးကိုပေးလျော်မည်ဖြစ်ပြီး၊ တစ်စိတ်တစ်ဒေသပျက်စီးခြင်း(Partial Loss) အတွက် ပျက်စီးသည့် အစိတ်အပိုင်းအလိုက် ပြုပြင်လဲလှယ်တပ်ဆင်ပေးလျော်မည်ဖြစ်ပါသည်။

Product Video