ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံ

Download

ပြင်းထန်သောရောဂါကုသမှုအာမခံ

Download

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံလျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်    – Claim Hot Line – 09 940777888

(၂) ပြင်းထန်သောရောဂါကုသမှုအာမခံ လျော်ကြေးတောင်းခံလွှာ နှင့်အတူ အောက်ပါ အထောက်အထားများ ပူးတွဲတင်ပြရန်။
(က)     သေဆုံးပါက

  • (၁)      အာမခံစာချုပ်မူရင်း
  • (၂)        သက်ဆိုင်ရာအဖွဲ့အစည်း/တစ်ဦးချင်းမှ သေဆုံးကြောင်း အကြောင်းကြားစာ
  • (၃)       အကျိုးခံစားခွင့်တောင်းခံလွှာ
  • (၄)       သေစာရင်းမိတ္တူ (Death-Certificate)
(ခ)       ပြင်းထန်သောရောဂါကုသပါက

  • (၁)        အာမခံစာချုပ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်း အထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက်ထောက်ခံစာ
  • (၄)       ဆေးကုသမှုမှတ်တမ်းမိတ္တူ

ပြင်းထန်သောရောဂါကုသမှုအာမခံ

Download

Premium Calculator

Frequently Asked Questions

ပြင်းထန်သောရောဂါကုသမှုအာမခံတွင် မည်သူများအာမခံထားရှိနိုင်ပါသလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် အသက် (၆)နှစ်မှ (၆၀)နှစ်အတွင်းရှိသူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း အာမခံထားရှိနိုင်ပါသည်။
ပြင်းထန်သောရောဂါကုသမှုအာမခံသက်တမ်းကို ပြောပြပေးပါ။
ပြင်းထန်သောရောဂါကုသမှုအာမခံသက်တမ်းမှာ (၁)နှစ် သတ်မှတ်ထားပါသည်။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် အာမခံကြေး(ပရီမီယံ)ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် အာမခံယူနစ်ကို ၁ ယူနစ်မှ အများဆုံး ၁၀ ယူနစ်အထိ ဝယ်ယူနိုင်ပြီး အာမခံထားသူ၏အသက်နှင့် ဝယ်ယူသော ယူနစ်အပေါ်မူတည်၍ ပရီမီယံနူန်းထားများ ကွဲပြားနိုင်ပါသည်။
ပြင်းထန်သောရောဂါကုသမှုအာမခံထားရှိခြင်းအားဖြင့် မည်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံထားရှိခြင်းအားဖြင့် လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ကင်ဆာ စသည့် ပြင်းထန်သောရောဂါကုသရမှု ကြုံရပါက အကျိုးခံစားခွင့် ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါတယ်။
ပြင်းထန်သောရောဂါကုသမှုအာမခံဝယ်ယူရာတွင် တစ်ဦးချင်းဝယ်ယူသူများအနေဖြင့် အာမခံကြေး (ပရီမီယံ)ကို မည်သို့ပေးချေရမလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံဝယ်ယူရာတွင် တစ်ဦးချင်းဝယ်ယူသူများအနေဖြင့် အာမခံကြေး(ပရီမီယံ)ကို (၆)လတစ်ကြိမ် (သို့) တစ်လုံးတည်းပေးအနေဖြင့် ပေးသွင်းလို့ရပါတယ်။
ပြင်းထန်သောရောဂါကုသမှုအာမခံဝယ်ယူရာတွင် အစုအဖွဲ့လိုက်ထားရှိသူများအနေဖြင့် အာမခံကြေး (ပရီမီယံ)ကို မည်သို့ပေးချေရမလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံဝယ်ယူရာတွင် အစုအဖွဲ့လိုက်ထားရှိသူများအနေဖြင့် အာမခံကြေး (ပရီမီယံ)ကို (၃)လတစ်ကြိမ် (သို့) (၆)လတစ်ကြိမ် (သို့) တစ်လုံးတည်းပေး အနေနဲ့ ပေးသွင်းလို့ရပါတယ်။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် မည်သို့သောရောဂါများ မမျှော်လင့်ပဲကြုံတွေ့ရပါက အကျိုးခံစားခွင့် ပြန်လည်တောင်းခံနိုင်ပါသလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း၊ နှလုံးအဆို့ရှင်အစားထိုးခြင်း(သို့) ပြုပြင်ခြင်း၊ ပြင်းထန်စွာမီးလောင်ခြင်း အစရှိသည့် ရောဂါများ မမျှော်လင့်ပဲကြုံတွေ့ရပါက အကျိုးခံစားခွင့် ပြန်လည်ရရှိနိုင်ပါတယ်။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် သေဆုံးခြင်းအတွက် မည်သို့အကျိုးခံစားခွင့်ရရှိနိုင်ပါသလဲ။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် သေဆုံးခြင်းအတွက် တစ်ယူနစ်လျှင် (၁၀)သိန်းကျပ် အကျိုးခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် လျော်ကြေးခံစားခွင့်ကို ငြင်းပယ်နိုင်ပါသလား။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် မမျှော်လင့်သော ပြင်းထန်ရောဂါကြောင့် အကျိုးခံစားခွင့် ပေးချေထားပြီး အခြေအနေဖြစ်ပါက အာမခံစာချုပ်သည်ပျောက်ပျက်သွားမည်ဖြစ်ပြီး သေဆုံးမှု အကျိုးခံစားခွင့် အတွက် ရရှိနိုင်မည်မဟုတ်ပါ။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် လျော်ကြေးအကျိုးခံစားခွင့် အကျုံးမဝင်သောအချက်များ ရှိပါသလား။
ပြင်းထန်သောရောဂါကုသမှုအာမခံတွင် မိမိကိုယ်ကိုသတ်သေခြင်း(သို့) ဒါဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ လိမ်လည်တောင်းခံခြင်း၊ ကိုယ်ခန္ဓာချို့ယွင်းခြင်း(သို့) မသန်စွမ်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း၊ AIDS/HIV ဖြစ်ခြင်း၊ အလှအပအတွက်ဖြစ်ခြင်း အစရှိသည်အချက်များကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ပြင်းထန်ရောဂါ (သို့) သေဆုံးခြင်း စသည်တို့အတွက် လျော်ကြေးခံစားခွင့် အကျုံးမဝင်ပါ။

coming soon!