ခရီးသွားအာမခံ

ခရီးသွားအာမခံ

Download

ခရီးသွားအာမခံ

Download

Travel Insurance Policy

ခရီးသွားအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁)

 

လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၂) ခရီးသွားအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါ အထောက်အထားများပူးတွဲတင်ပြရန်။
(က) သေဆုံးပါက

  •  ဆေးကုသသည့်ဆေးရုံ၏ထောက်ခံချက်
  •  ဖြစ်ပွားရာဒေသမှရဲတပ်ဖွဲ့ထောက်ခံချက်
  • အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်းအထောက်အထား
  •  ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား
  • သေစာရင်းမိတ္တူ
  • သေဆုံးသူနှင့် တောင်းခံသူတို့ ပါဝင်သည့် အိမ်ထောင်စုစာရင်း မိတ္တူအမှန်
  • တောင်းခံသူသည် သေဆုံးသူ၏ အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်း၊ နေထိုင်ရာအရပ်ဒေမှ အာဏာပိုင် အဖွဲ့အစည်း ထောက်ခံချက်
(ခ) ထာဝစဉ်မသန်စွမ်းဖြစ်လျှင်

  •  ဆေးကုသသည့်ဆေးရုံ၏ ဆရာဝန်ထောက်ခံချက်
  • ဖြစ်ပွားရာဒေသမှရဲတပ်ဖွဲ့ထောက်ခံချက်
  • အာမခံထားသူ၏မှတ်ပုံတင်မိတ္တူမှန်
  • ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား
  •  အာမခံထားသူသည်အသက်(၁၈)နှစ်မပြည့်ပါက အကျိုးခံစားခွင့်တောင်းသူ၏ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စုဇယား
  • အကျိုးခံစားခွင့်ရှိသူဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်း၏ ထောက်ခံချက်
(ဂ)       ထိခိုက်ဒဏ်ရာရလျှင်

  • ဆေးကုသသည့်ဆေးရုံ၏ဆရာဝန်ထောက်ခံချက်
  • ဖြစ်ပွားရာဒေသမှရဲတပ်ဖွဲ့ထောက်ခံချက်
  • အာမခံထားသူ၏မှတ်ပုံတင်မိတ္တူမှန်
  • ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား
  • အာမခံထားသူသည် အသက် (၁၈) နှစ် မပြည့်ပါက အကျိုးခံစားခွင့် တောင်းသူ၏ မှတ်ပုံတင်မိတ္တူ၊  အိမ်ထောင်စုဇယား
  • (အကျိုးခံစားခွင့်ရှိသူဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်း၏ ထောက်ခံချက်
(ဃ)      ဆေးရုံတက်/ ဆေးကုသမှုခံယူလျှင်

  •  ဆေးကုသသည့်ဆေးရုံ၏ဆရာဝန်ထောက်ခံချက်
  •  ဖြစ်ပွားရာဒေသမှရာဒေသမှရဲတပ်ဖွဲ့ထောက်ခံချက်
  •  အာမခံထားသူ၏မှတ်ပုံတင်မိတ္တူမှန်
  •  ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား
  • အာမခံထားသူသည် အသက် (၁၈) နှစ် မပြည့်ပါက အကျိုးခံစားခွင့် တောင်းသူ၏ မှတ်ပုံတင်မိတ္တူ၊  အိမ်ထောင်စုဇယား
  • အကျိုးခံစားခွင့်ရှိသူဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်း၏ ထောက်ခံချက်

 

Premium Calculator

Frequently Asked Questions

ခရီးသွားအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။
ပြည်တွင်း/ ပြည်ပခရီးစဉ်ကို လေယာဉ်၊ သင်္ဘော၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စီးလုံးငှားယာဉ်နှင့် အများပြည်သူသုံး ယာဉ်လိုင်းများအသုံးပြု၍ ခရီးသွားသူများမှ အာမခံထားရှိနိုင်မှာဖြစ်ပါတယ်။
ခရီးသွားအာမခံတွင် အာမခံသက်တမ်းဘယ်လောက်သတ်မှတ်ထားပါသလဲ။
ပြည်တွင်းခရီးစဉ်များအတွက် (၁) ရက်ခရီးစဉ်မှ အများဆုံး (၃) လခရီးအထိ သတ်မှတ်ထားပြီး ပြည်ပခရီးစဉ်များအတွက် (၁) ပတ်ခရီးစဉ်မှ အများဆုံး (၃) လခရီးအထိ သတ်မှတ်ထားပါတယ်။
ခရီးသွားအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ခရီးသွားအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို တစ်ယူနစ်လျှင် အနည်းဆုံး (၁၀၀) ကျပ်မှ အများဆုံး (၅၀၀) ကျပ်အထိ အာမခံသက်တမ်းအရ သတ်မှတ်ထားပြီး လူတစ်ဦးလျှင် အများဆုံး ယူနစ် (၂၀) အထိ အာမခံဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ခရီးသွားအာမခံကို မည်သူများဝယ်ယူနိုင်သလဲ။
ပြည်တွင်း/ ပြည်ပခရီးစဉ်များကို လေယာဉ်၊ သင်္ဘော၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စီးလုံးငှားယာဉ်နှင့် အများပြည်သူသုံးယာဉ်လိုင်းများအသုံးပြု၍ ခရီးသွားသူများ (အသက်အကန့်အသတ်မရှိ) ဝယ်ယူနိုင်ပါသည်။
ခရီးသွားအာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
ခရီးသွားအာမခံသည် ပြည်တွင်း/ ပြည်ပခရီးသွားသောသူများ ခရီးစဉ်အတွင်း မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းများဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
ခရီးသွားအာမခံထားရှိခြင်းကြောင့် မည်သို့သောအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
ခရီးစဉ်အစမှအဆုံးထိ အာမခံဝယ်ယူပြီး စီးနင်းလိုက်ပါသည့်သူများ မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးခံစားခွင့်ရှိခြင်းရရှိနိုင်မှာဖြစ်ပါတယ်။
ခရီးသွားအာမခံထားရှိပြီး မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ပါက အကျိုးခံစားခွင့် ဘယ်လိုရရှိနိုင်ပါသလဲ။
ခရီးသွားအာမခံထားရှိပြီး မတော်တဆမှုကြောင့် ဆရာဝန်ထောက်ခံချက်အရ ၁၀၀% ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ပါက အာမခံထားငွေကို အပြည့်အဝတစ်လုံးတည်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
ခရီးသွားအာမခံလျော်ကြေးပေးရန် အကျုံးမဝင်သောအချက်တွေက ဘာတွေပါလဲ။
မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်တိုင်ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ယင်းတို့၏အကျိုးဆက်ကြောင့်ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း စသည်တို့အတွက် အာမခံလျော်ကြေးပေးရန် အကျုံးမဝင်ပါ။
ခရီးသွားအာမခံဝယ်ယူပြီး မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်/ဆေးကုသရခြင်းတွေအတွက် ဘယ်လိုအကျိုးခံစားခွင့်များရှိနိုင်မလဲ။
ပြည်တွင်း/ပြည်ပခရီးစဉ်များတွင် မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသမှုခံယူရသည့်ကာလအတွက် တစ်ပတ်လျှင် ၄၀၀၀ကျပ်နှုန်း (တစ်ယူနစ်) ဖြင့် စုစုပေါင်း(၅၂)ပတ်အထိ ခံစားခွင့်ရရှိနိုင်မှာဖြစ်ပြီး မိုင်(၁၀၀) အောက်ခရီးစဉ်များအတွက် တစ်ပတ်လျှင် ပုံသေ ၃၂၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း(၅၂)ပတ်အထိ ခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
ခရီးသွားအာမခံတွင် အကျိုးခံစားခွင့်လျော်ကြေးကို မည်သို့တောင်းခံရမလဲ။
သေဆုံးမှုအတွက်လျော်ကြေးကို ဖြစ်ပွားသည့်နေ့မှ (၁)နှစ်အတွင်း၊ ထိခိုက်ဒဏ်ရာရရှိမှုအတွက် လျော်ကြေးကို (၂)နှစ်အတွင်း တောင်းခံနိုင်မှာဖြစ်ပါတယ်။

coming soon!