ငွေသားလုံခြုံမှု အာမခံ

ငွေသားလုံခြုံမှု အာမခံ

Download

ငွေသားလုံခြုံမှု အာမခံ

Download

Cash In Safe Insurance Policy

ငွေသားလုံခြုံမှုအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၂) ငွေသားလုံခြုံမှုအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။
(က) ဆုံးရှုံးမှုပမာဏနှင့် ဖောက်ထွင်းခိုးယူခံရကြောင်းပြည်သူ့ရဲတပ်ဖွဲ့ထောက်ခံချက်
(ခ) ငွေထုတ်ငွေသွင်းနေ့စဉ်မှတ်တမ်း

Cash In Safe Insurance Proposal

Download

Premium Calculator

Frequently Asked Questions

ငွေသားလုံခြုံမှုအာမခံ သက်တမ်းကိုပြောပြပေးပါ။
ငွေသားလုံခြုံမှု အာမခံတွင် အနည်းဆုံးတစ်ရက်မှ အများဆုံး တစ်နှစ်အထိ အာမခံသက်တမ်းထားရှိနိုင်မှာ ဖြစ်ပါတယ်။
ငွေသားလုံခြုံမှုအာမခံတွင် အာမခံထားငွေကို သတ်မှတ်ထားပါသလား။
ငွေသားလုံခြုံမှုအာမခံတွင် သိမ်းဆည်းမည့်ငွေပမာဏကို အာမခံထားငွေအဖြစ် သတ်မှတ်ထားရှိနိုင်မှာ ဖြစ်ပါတယ်။
ငွေသားလုံခြုံမှုအာမခံတွင် အာမခံကြေး(ပရီမီယံ)ကို ဘယ်လိုသတ်မှတ်ထားသလဲ။
ငွေသားလုံခြုံမှုအာမခံတွင် အစိုးရဌာနနှင့် ပုဂ္ဂလိကဘဏ်များအတွက် အာမခံထားငွေ (၁၀၀)ကျပ်လျှင် တစ်နှစ်အတွက် အမြင့်ဆုံး (၀.၅၀%) သတ်မှတ်ထားပြီး ပုဂ္ဂလိကလုပ်ငန်းများအတွက် အာမခံထားငွေ (၁၀၀)ကျပ်လျှင် တစ်နှစ်အတွက် ပုံသေ(၁%) သတ်မှတ်ထားပါတယ်။
ငွေသားလုံခြုံမှုအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်ပါသလဲ။
ငွေသားလုံခြုံမှုအာမခံကို လုပ်ငန်းရှင်များ (နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများ) အပြင် မိမိလက်ဝယ်ရှိငွေများကို ညအိပ်သိမ်းဆည်းသူများလည်း အာမခံထားရှိနိုင်ပါတယ်။
ငွေသားလုံခြုံမှုအာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများသည် လက်ဝယ်ရှိငွေများကို လုပ်ငန်းတည်ရှိရာနေရာတွင် ညအိပ်သိမ်းဆည်းထားစဉ် ဖောက်ထွင်းခိုးယူခံရခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍လုယူခံရခြင်းတို့ကြောင့် ဆုံးရှုံးသွားသောငွေများကို လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

coming soon!