မီးနှင့် အပိုအန္တရာယ်အကာအကွယ်အာမခံ

မီးနှင့် အပိုအန္တရာယ်အကာအကွယ်အာမခံ

Download

မီးအာမခံကို ခွင့်ပြုရာတွင် အခြေခံသည့် စည်းမျဥ်းများ

Download

Declaration Policy (ကြေညာခြင်းပေါ်လစီ) အထူးစည်းမျဥ်းများ

Download

အပိုအန္တရာယ် အကာအကွယ်များ

Download

Fire Insurance Policy

THIS POLICY WITNESSTH THAT in consideration of the sum of premium stated in the Schedule attached, paid to the First National Insurance (General) Company Limited, hereinafter called, “the Company” by the Insured named in the Schedule TO INSURE AGAINST LOSS OF OR DAMAGE BY FIRE OR LIGHTNING to the PROPERTY described in the sum or several sums as per the Schedule, the Company hereby agrees with the Insured subject to the conditions printed on the back hereof and endorsed thereon which are to be taken together as part of the Policy, that if the Property herein described shall be destroyed or damaged by FIRE OR LIGHTNING, the Company shall be liable TO PAY OR MAKE GOOD to the Insured the Value at the time of happening of such loss of the Property so damaged or the Amount of such damage which shall or may happen during the PERIOD OF INSURANCE stated in the Schedule or during any SUBSEQUENT PERIOD for which renewal premium has been received by the Company, not exceeding in respect of the matter or matters above specified the sum or sums set opposite thereto respectively and not exceeding in the whole the sum insured stated in the Schedule.

N.B.           Any Warranties to which the Property insured or any item thereof is or at any time be made subject shall attach and continue to be in force during the whole of the currency of the Policy and non-compliance at any time with any of the Warranties shall be a bar to any claim in respect of such Property or item.

Checked  By: Authorised Official

 

Fire Insurance Policy Schedule

မီးအာမခံလျော်ကြေးပေါ်ပေါက်ပါကလုပ်ဆောင်ရန်အချက်များ

၁။ လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။
သတင်းပို့ရန် ဖုန်းနံပါတ် Claim Hot Line  – 09 940777888
၂။ မီးအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။

  • ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်ဦးစီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့၏ ဆုံးရှုံးမှုဖြစ်ပွားသည့်
    အကြောင်းအရင်းပါရှိသည့် ထောက်ခံချက်။
  • အဆောက်အဦး၏ ပျက်စီးမှုတန်ဖိုးတွက်ချက်မှုစာရင်း။
  • ပရိဘောဂ ၊ စက်ပစ္စည်း ၊ ကုန်ပစ္စည်းများအတွက် ဆုံးရှုံးပစ္စည်းစာရင်း ၊ လက်ကျန်စာရင်းနှင့် တန်ဖိုး
    စာရင်း။
  • မီးမလောင်မီနေ့ရှိပစ္စည်းလက်ကျန်စာရင်းနှင့် တန်ဖိုးစာရင်း။
၃။ လေမုန်တိုင်း (v.strom) ကြောင့်ပျက်စီးဆုံးရှုံးမှုဖြစ်ပါက မိုးဇလ၏ ထောက်ခံချက်။

မီးအာမခံ နှင့် အပိုအအန္တရာယ်အာမခံ အဆိုလွှာ

Download

မီးအာမခံ နှင့် အပိုအအန္တရာယ်အာမခံ အဆိုလွှာ(‌‌နောက်ဆက်တွဲ)

Download

Premium Calculator

Additional Cover

Frequently Asked Questions

မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံကြေးကို ဘယ်လိုတွက်ချက်ပါသလဲ။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံအတွက် အာမခံကြေးကို အဆောက်အအုံအမျိုးအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး တွက်ချက်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံသက်တမ်းတွေကိုပြောပြပါ။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိမယ်ဆိုရင် အနည်းဆုံး (၁၀) ရက်မှ အများဆုံး (၁) နှစ်အထိ အာမခံသက်တမ်းထားရှိနိုင်မှာဖြစ်ပါသည်။
ဘယ်လိုအဆောက်အအုံတွေ အာမခံထားရှိနိုင်သလဲ။
အိမ်၊ ဈေးဆိုင်၊ စက်ရုံနှင့် တိုက်ခန်းများအတွက်သာမက ပစ္စည်းများအတွက်ပါ အာမခံထားရှိနိုင်မှာ ဖြစ်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိရန် ဘာတွေလိုအပ်ပါသလဲ။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိရန် လူနေအိမ်အတွက် (အငှားဖြစ်ပါက) အငှားစာချုပ်မိတ္တူ၊ စက်ရုံနှင့် သိုလှောင်ရုံအတွက် (ငှားရမ်းအဆောက်အအုံဖြစ်ပါက) အငှားစာချုပ်မိတ္တူ၊ မီးဘေးကာကွယ်ရေးစီမံချက်နှင့် ကုန်ပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂများအတွက် ပစ္စည်းစာရင်းနှင့် အဝယ်ပြေစာများလိုအပ်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံတွင် အပိုအကာအကွယ်ဝယ်ယူနိုင်ပါသလား။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံတွင် အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု၊ ဖောက်ထွင်းခိုးယူမှု၊ လေပြင်းမုန်တိုင်းအမျိုးမျိုး၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်ကြောင့်မီးလောင်ခြင်း၊ အလိုအလျောက်မီးစွဲလောင်မှု၊ ပေါက်ကွဲပျက်စီးမှု အစရှိသည့် အပိုအကာအကွယ် (၁၁) မျိုးကို ဝယ်ယူရရှိနိုင်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံသည် ဘယ်လိုအာမခံအမျိုးအစားဖြစ်ပါသလဲ။
လူကြီးမင်းတို့ပိုင်ဆိုင်သော အိုးအိမ်နှင့် ပစ္စည်းများ မတော်တဆမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိခြင်းဖြင့် အဆောက်အအုံများအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။
အဆောက်အအုံများအတွက် မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိခြင်းဖြင့် မတော်တဆလောင်ကျွမ်းသောမီး၊ အခြားမှ ကူးစက်လောင်ကျွမ်းသောမီး၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး၊ အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီး အစရှိသောအချက်များကြောင့် ပျက်စီးခြင်းများအတွက် လျော်ကြေးခံစားခွင့် ပြန်လည်ရရှိနိုင်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိခြင်းဖြင့် ပစ္စည်းများအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။
ပစ္စည်းများအတွက် မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံထားရှိခြင်းအားဖြင့် မီးသတ်ရာတွင်အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း၊ မီးလောင်နေသော အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ် ပျက်စီးခြင်း၊ မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးဆုံးရှုံးခြင်း၊ မီးလောင်မှုကြောင့် အမိုး/ ကြမ်းခင်း/ နံရံများ ပြိုကျရာမှ ပျက်စီးခြင်း၊ မီးလောင်နေစဉ် အဆောက်အအုံအတွင်းမှပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ် မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီးဆုံးရှုံးခြင်း အစရှိသောပျက်စီးဆုံးရှုံးမှုများကို လျော်ကြေးခံစားခွင့် ပြန်လည်ရရှိနိုင်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံအတွက် လျော်ကြေးခံစားခွင့်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံလျော်ကြေးကို လုံးဝပျက်စီးဆုံးရှုံးမှု (Total Loss) အတွက် အာမခံထားငွေကို ပေးလျော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသ (Partial Loss) ပျက်စီးပါက ပျက်စီးသည့်အစိတ်အပိုင်းရာခိုင်နှုန်းအပေါ်တွင် ပေးလျော်မှာဖြစ်ပါသည်။
မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံမှာ လျော်ကြေးမဲ့ဆု ရရှိနိုင်ပါသလား။
အာမခံသက်တမ်းတစ်နှစ်အတွင်း လျော်ကြေးတောင်းခံခြင်းမရှိခဲ့လျှင် သက်တမ်းတိုးသည့်နှစ်အတွက် လျော်ကြေးမဲ့ဆုအဖြစ် ပရီမီယံ၏ (၂၅%) ကိုလျော့ပေးမှာဖြစ်ပါသည်။

Product Video