ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

Download

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

Download

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်    – Claim Hot Line – 09 940777888

(၂) ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါ အထောက်အထားများပူးတွဲတင်ပြရန်။
(က)      သေဆုံးပါက

  • (၁)       အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ၏ အကျိုးခံစားခွင့် တောင်းခံလွှာ
  • (၂)        Policy(မူရင်း)
  • (၃)       သေစာရင်းမိတ္တူ (Death Certificate)
  • (၄)       နိုင်ငံသားမှတ်ပုံတင်မိတ္တူ
  • (၅)       အိမ်ထောင်စုစာရင်းမိတ္တူ
(ခ)       ဒဏ်ရာရရှိပါက

  • (၁)       အာမခံထားသူ၏အကျိုးခံစားခွင့်တောင်းခံလွှာ
  • (၂)        သက်ဆိုင်ရာဆေးရုံမှ ဆရာဝန်ထောက်ခံချက်
  • (၃)       ဆေးရုံတက်ရောက်မူ မှတ်တမ်းမိတ္တူ
  • (၄)       နိုင်ငံသားမှတ်ပုံတင်အမှတ်
  • (၅)       ဒဏ်ရာဓာတ်ပုံမှတ်တမ်း

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

Download

Premium Calculator

Frequently Asked Questions

ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံထားခွင့်ရှိသူများကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အသက် (၁၆) နှစ်မှ (၆၅) နှစ်အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူများအာမခံထားရှိနိုင်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံသက်တမ်းကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံသက်တမ်းကို ၃ လ၊ ၆ လ၊ ၁ နှစ် သတ်မှတ်ထားပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို တစ်နှစ်အတွက် အာမခံထားငွေ၏ ၀.၇%၊ တပ်မတော်သား၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့်အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၁% နှင့် အာမခံသက်တမ်း ၃ လ၊ ၆ လ အတွက် ၁ နှစ်သက်တမ်းပရီမီယံ၏ အချိုးကျပရီမီယံ သတ်မှတ်ထားပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံထားငွေအများဆုံးမည်မျှထိ ထားရှိနိုင်ပါသလဲ။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံမှာ အနည်းဆုံးကျပ် (၅)သိန်းမှ အများဆုံးကျပ် သိန်း(၂၀၀) အထိ (သို့) အမေရိကန်ဒေါ်လာ (၁၀၀၀) မှ (၂၀၀၀၀၀) အထိ ထားရှိနိုင်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ယူထားခြင်းဖြင့် မည်သို့သောအကျိုးကျေးဇူးများရရှိနိုင်ပါသလဲ။
မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်းဖြစ်ပွားသည့်အခါ လျော်ကြေးခံစားခွင့်ရရှိနိုင်သော အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် လျော်ကြေးခံစားခွင့်အတွက် အကျုံးမဝင်သောအချက်များရှိပါသလား။
ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ သေဆုံးစေခြင်း၊ ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ရာမှ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သူတစ်ပါး၏ကြိုးစားအားထုတ်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ မသန်စွမ်းဖြစ်ခြင်း အစရှိသည့်အချက်များသည် လျော်ကြေးခံစားခွင့်အတွက် အကျုံးမဝင်သောအချက်များဖြစ်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မတော်တဆထိခိုက်မှုဖြစ်ပွားပြီးနောက် မည်သည့်အချိန်တွင် လျော်ကြေးခံစားခွင့်ရရှိနိုင်ပါသလဲ။
မတော်တဆထိခိုက်မှုဖြစ်ပွားပြီး (၃)လကျော်လွန်ပြီး (၄)လမတိုင်မီဖြစ်ပေါ်သော ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းများအတွက် အဆိုပါမတော်တဆဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း ခိုင်လုံစွာသက်သေပြနိုင်မှသာ လျော်ကြေးခံစားခွင့်အတွက် အကျုံးဝင်မှာဖြစ်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မတော်တဆထိခိုက်မှုဖြစ်ပွားပါက မည်သည့်အချိန်အတွင်း အကြောင်းကြားရမလဲ။
အကျိုးခံစားခွင့်တောင်းခံမည့်အဖြစ်အပျက် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချက်အလက်အပြည့်အစုံနှင့်တကွ အာမခံကုမ္ပဏီသို့ (၁၄)ရက်အတွင်း အကြောင်းကြားရမည်ဖြစ်ပြီး သတ်မှတ်ထားသောတောင်းခံလွှာဖြင့် လိုအပ်သောအ‌ထောက်အထားများကို ပူးတွဲ၍ တင်ပြတောင်းခံရမည်ဖြစ်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံပေါ်လီစီတစ်စောင်အတွက် အများဆုံးအကျိုးခံစားခွင့်မှာ ဘယ်လောက်ဖြစ်ပါသလဲ။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အာမခံပေါ်လီစီတစ်စောင်အတွက် အများဆုံးရရှိနိုင်သော အကျိုးခံစားခွင့်စုစုပေါင်းမှာ အာမခံထားငွေဖြစ်ပါတယ်။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို ပူးတွဲခံစားခွင့်ရှိပါသလား။
ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို အခြားအကျိုးခံစားခွင့်နှင့် ပူးတွဲခံစားခွင့်မရှိပါ။

coming soon!