ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံ

Download

ကျန်းမာရေးအာမခံ

Download

ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံလျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၂) ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါ အထောက်အထားများပူးတွဲတင်ပြရန်။
(က)      သေဆုံးပါက

  • (၁)       အာမခံစာချုပ်မူရင်း
  • (၂)        သက်ဆိုင်ရာအဖွဲ့အစည်း / တစ်ဦးချင်းမှသေဆုံးကြောင်းအကြောင်းကြားစာ
  • (၃)       အကျိုးခံစားခွင့်တောင်းခံလွှာ
  • (၄)       သေစာရင်းမိတ္တူ (Death-Certificate)
(ခ)      ရောဂါ/မတော်တဆမှုကြောင့်ဆေးရုံတက်ရပါက

  • (၁)     အာမခံစာချုပ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူ မှန်ကန်ကြောင်း အထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက် ထောက်ခံစာ
  • (၄)       ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
(ဂ)       ခွဲစိတ်ကုသမှုဖြစ်ပါက

  • (၁)      အာမခံစာချုပ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူ မှန်ကန်ကြောင်း အထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက် ထောက်ခံစာ
  • (၄)       ဆေးရုံမှထုတ်ပေးသည့် ငွေတောင်းခံလွှာ (သို့) ငွေလက်ခံဖြတ်ပိုင်း
(ဃ)      ကိုယ်ဝန်ပျက်ကျလျှင်

  • (၁)       အာမခံစာချုပ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူ မှန်ကန်ကြောင်းအထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက်ထောက်ခံစာ
  • (၄)       ဆေးရုံမှထုတ်ပေးသည့် ငွေတောင်းခံလွှာ (သို့) ငွေလက်ခံဖြတ်ပိုင်း
(င)        ဆေးရုံ/ဆေးခန်းပြသလျှင်

  • (၁)       အာမခံစာချုပ်မူရင်း
  • (၂)        အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်းအထောက်အထား
  • (၃)       ဆရာဝန်ဆေးစစ်ချက်ထောက်ခံစာ
  • (၄)       ဆေးကုသမှုမှတ်တမ်းမိတ္တူ

ကျန်းမာရေးအာမခံ

Download

Premium Calculator

Additional Cover

Frequently Asked Questions

ကျန်းမာရေးအာမခံတွင် မည်သူများအာမခံထားရှိနိုင်ပါသလဲ။
ကျန်းမာရေးအာမခံတွင် အသက် (၆) နှစ်မှ (၇၅) နှစ်အတွင်းရှိသူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း အာမခံထားရှိနိုင်ပါတယ်။
ကျန်းမာရေးအာမခံသက်တမ်းကို ပြောပြပေးပါ။
ကျန်းမာရေးအာမခံအာမခံသက်တမ်းမှာ (၁) နှစ် သတ်မှတ်ထားပါတယ်။
ကျန်းမာရေးအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ကျန်းမာရေးအာမခံတွင် အခြေခံအာမခံအကာအကွယ်နှင့် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များပေါ်တွင် အသက်အရွယ်၊ ဝယ်ယူသည့်အကာအကွယ်အမျိုးအစားနှင့် ဝယ်ယူသည့်ယူနစ်အပေါ်မူတည်၍ အာမခံကြေးသတ်မှတ်ပါတယ်။
ကျန်းမာရေးအာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်သလဲ။
ကျန်းမာရေးအာမခံသည် ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း ဆေးရုံတက်၍ကုသမှု ခံယူခြင်း၊ ခွဲစိတ်ကုသရခြင်း၊ သေဆုံးခြင်းနှင့် ဆေးရုံဆေးခန်းပြသရခြင်းများအတွက် အကျိုးခံစားခွင့် ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါတယ်။
ကျန်းမာရေးအာမခံကို မည်သို့ဝယ်ယူရပါသလဲ။
ကျန်းမာရေးအာမခံကို အခြေခံအာမခံအကာအကွယ်၊ ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၁)နှင့် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၂) ဟူ၍ အနည်းဆုံး (၁)ယူနစ်မှ အများဆုံး (၁၀)ယူနစ်အထိ ဝယ်ယူရရှိနိုင်ပါမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအာမခံတွင် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်များအား သီးခြားဝယ်ယူ၍ ရနိုင်ပါသလား။
အခြေခံအကာအကွယ်ကို သီးခြားဝယ်ယူနိုင်ပြီး ရွေးချယ်နိုင်သည့် အကာအကွယ်များကို သီးခြားဝယ်ယူ၍မရနိုင်ပါ၊ ရွေးချယ်နိုင်သည့်အကာအကွယ်ကို မိမိဝယ်ယူထားသော အခြေခံအကာအကွယ်ယူနစ်အထိသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးအာမခံတွင် အခြေခံအာမခံအကာအကွယ်ဝယ်ယူထားသူများအနေဖြင့် မည်သို့အကျိုးခံစားခွင့်ရှိပါသလဲ။
ကျန်းမာရေးအာမခံတွင် အခြေခံအာမခံအကာအကွယ်ဝယ်ယူထားသူများအနေဖြင့် တစ်ယူနစ်လျှင် ရောဂါကြောင့်(သို့) မတော်တဆကြောင့် ဆေးရုံတက်ကုသရခြင်းများအတွက် ဆေးရုံတက်ရက်(၁)ရက်အတွက် ကျပ်(၁၀,၀၀၀)နှင့် တစ်နှစ်အတွက် အများဆုံးရက်ပေါင်း(၆၀)အထိ၊ သေဆုံးလျှင် ကျပ်(၁,၀၀၀,၀၀၀) အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအာမခံတွင် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁) ဝယ်ယူထားသူများအနေဖြင့် မည်သို့အကျိုးခံစားခွင့်ရှိပါသလဲ။
ကျန်းမာရေးအာမခံတွင် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁) ဝယ်ယူထားသူများအနေဖြင့် တစ်ယူနစ်လျှင် ခွဲစိတ်ကုသမှုအတွက် အမှတ်တကယ်တိုက်ရိုက်ကုန်ကျစာရိတ်(ကျပ် ၅သိန်းအထိ)၊ ကိုယ်ဝန်ပျက်ကျခြင်းအတွက် ဝယ်ယူထားသည့်ယူနစ်နဲ့ မဆိုင်ပဲ ကျပ်(၃)သိန်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
ကျန်းမာရေးအာမခံတွင် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၂) ဝယ်ယူထားသူများအနေဖြင့် မည်သို့အကျိုးခံစားခွင့်ရှိပါသလဲ။
ကျန်းမာရေးအာမခံတွင် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၂) ဝယ်ယူထားသူများအနေဖြင့် တစ်ယူနစ်လျှင် ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်း ပြသခြင်း တစ်ကြိမ်ပြလျှင် (၂,၅၀၀)ကျပ် သို့သော် ၁၀,၀၀၀ x အာမခံထားသည့်ယူနစ်ပေါင်းကို စုစုပေါင်းအများဆုံးပေးချေနိုင်သည့်ပမာဏအဖြစ် အကျိုးခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

coming soon!