သမာဓိအာမခံ

သမာဓိအာမခံ

Download

သမာဓိအာမခံ

Download

Fidelity Insurance Policy

သမာဓိအာမခံလျော်ကြေးပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့်အချက်များ

(၁)

 

လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၂)  သမာဓိအာမခံ လျော်ကြေးတောင်းခံလွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရန်။
(က) သမာဓိအာမခံစာချုပ်မူရင်း
(ခ) အလွဲသုံးစားပြုသောဝန်ထမ်းကို တရားရုံးမှအပြစ်ရှိကြောင်း ဆုံးဖြတ်ချက်မိတ္တူ

 

Fidelity Insurance Proposal

Download

Premium Calculator

Frequently Asked Questions

သမာဓိအာမခံ သက်တမ်းကိုပြောပြပေးပါ။
သမာဓိအာမခံတွင် အာမခံသက်တမ်းကို (၁)နှစ် သတ်မှတ်ထားပါသည်။
သမာဓိအာမခံတွင် အာမခံထားငွေကို သတ်မှတ်ထားပါသလား။
သမာဓိအာမခံတွင် ငွေကြေးကိုင်ဆောင်သူ တာဝန်ယူထိန်းသိမ်းသည့် ပမာဏကို အာမခံထားငွေအဖြစ် သတ်မှတ်ထားရှိနိုင်မှာဖြစ်ပါတယ်။
သမာဓိအာမခံတွင် အာမခံကြေး (ပရီမီယံ)ကို ဘယ်လိုသတ်မှတ်ပါသလဲ။
သမာဓိအာမခံတွင် အစိုးရဌာနနှင့် ပုဂ္ဂလိကဘဏ်များအတွက် အာမခံထားငွေ (၁၀၀)ကျပ်လျှင် တစ်နှစ်အတွက် (၁%) သတ်မှတ်ထားပြီး၊ ပုဂ္ဂလိကလုပ်ငန်းများအတွက် အာမခံထားငွေ (၁၀၀)ကျပ်လျှင် တစ်နှစ်အတွက် (၂%) သတ်မှတ်ထားပါတယ်။
သမာဓိအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်ပါသလဲ။
သမာဓိအာမခံကို လုပ်ငန်းပိုင်ရှင်များ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ အာမခံထားရှိနိုင်ပါတယ်။
သမာဓိအာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
သမာဓိအာမခံသည် လုပ်ငန်းများတွင် ငွေကြေးကို တာဝန်ယူကိုင်တွယ်ထိန်းသိမ်းရန် တာဝန်ပေးအပ်ခြင်းခံရသူ ကြောင့် ငွေကြေးဆုံးရှုံးခြင်း၊ အလွဲသုံးစားပြုခြင်းများ ပေါ်ပေါက်လာပါက နစ်နာဆုံးရှုံးမှုများကို လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

coming soon!