ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ

ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ

Download

ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ( Inland)

Download

ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံ( land)

Download

Land Marine Cargo Insurance Policy

စည်းကမ်းချက်များ

၁။ အကြုံးဝင်လိုင်စင်ရှိသော ယာဉ်မောင်းများ မောင်းနှင်သည့် ယာဉ်များဖြင့် သယ်ဆောင်ရမည်။
၂။ လိုင်စင်ရှိသော/ လိုင်စင်သက်တမ်း အကြုံးဝင်သော ယာဉ်များဖြင့် သယ်ဆောင်ရမည်။
၃။ ပရီမီယံနှင့်အတူ တံဆိပ်ခေါင်းဖိုးကိုပါ တစ်ပါတည်း ပေးဆောင်ရမည်။
၄။ ပေးသွင်းပြီး ပရီမီယံကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
၅။ အဆိုလွှာတွင် ဖော်ပြချက်များ မမှန်ပါက FNI တွင် တာဝန်မရှိပါ။
၆။ ပြင်ဆင်ချက်တစ်စုံတစ်ရာ ရှိပါက အဆိုလွှာတွင် ဖော်ပြခဲ့သော အာမခံသက်တမ်းအစမီ FNI သို့ ကြိုတင် အကြောင်းကြားရမည်။
၇။ ခရီးစတင်ထွက်ခွာသည့် အချိန်မှ ခရီးဆုံးသို့ ဆိုက်ရောက်သည့် အချိန်အတွင်း ဖြစ်ပွားပေါ်ပေါက်သော ဆုံးရှုံးမှုများအတွက်သာ လျော်ကြေးအကြုံးဝင်သည်။
၈။ ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်သည် ခရီးစဉ်အတွင်းပိုင်ရှင်က တမင်ရည်ရွယ်ချက်ကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ မတော်တဆ မီးလောင်ခြင်းကြောင့်လည်းကောင်း၊ စက်တပ်ယာဉ်ထိခိုက်မှုကြောင့်လည်းကောင်း၊ စက်ချို့ယွင်းမှုကြောင့်လည်းကောင်း၊ တစ်စုံတစ်ရာ နှင့် တိုက်မိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ တိုက်ရိုက်ပေါ်ပေါက်သော ထိခိုက်ပျက်စီးမှုများကြောင့် အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရှုံးမှသာ လျော်ကြေးအကြုံးဝင်ပါသည်။
၉။ ဆုံးရှုံးမှုပေါ်ပေါက်ပါက FNI သို့ဖြစ်စေ၊ နီးစပ်ရာ FNI ရုံးခွဲများသို့ဖြစ်စေ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်။ FNI မှ တာဝန်ရှိသူများမှ ဆုံးရှုံးမှုအား မျက်မြင်စစ်ဆေးမည် ဖြစ်ပါသည်။
 (ဖုန်း- ၀၁-၈၆၁၀၆၆၁~၅)
၁၀။ ဆုံးရှုံးမှုဖြစ်ပွားလျှင် ပစ္စည်းပိုင်ရှင်သည် အာမခံထားသော ပစ္စည်းများကို ဆုံးရှုံးမှုနည်းပါးသက်သာစေရန် ဘေးလွတ်ရာသို့ ဆယ်တင်/ သယ်ယူရန် လိုအပ်ပါသည်။ ဆယ်တင် / သယ်ယူစရိတ်ကို ကုန်ပစ္စည်းပိုင်ရှင်မှ တောင်းခံခွင့်ရှိသည်။
၁၁။ ခရီးစဉ်အတွင်း အကြောင်းကြောင်းကြောင့် ယာဉ်ပြောင်းလဲတင်ဆောင်ခြင်းကို ခွင့်ပြုသည်။ FNI သို့ ဖုန်း၊ ဖက်စ်၊ စာဖြင့် ချက်ချင်း အကြောင်းကြားရမည်။
၁၂။ ပရီမီယံကို ပိုင်ရှင် ကိုယ်တိုင် (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်က ပေးသွင်းရန်။

Land Marine Cargo Insurance Policy

ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

၁။ လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။
သတင်းပို့ရန် ဖုန်းနံပါတ် Claim Hot Line  – 09 940777888
၂။ ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။

  • ပေါ်လီစီ စာချုပ်မူရင်း
  • ပြင်ဆင်ချက်(ရှိပါက)
  • ရေယာဉ်လိုင်စင် ၊ တွဲလိုင်စင်
  • ရေယာဉ်အုပ် (သို့) ဆလင်၏ကျမ်းကျိန်ဆိုချက်
  • မျှောစာ (သို့) ကုန်ပို့လွှာ
  • သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ထောက်ခံချက်
  • ရေယာဉ်အုပ်လိုင်စင်၊ စက်ခန်းအုပ်လိုင်စင်း
  • ရေယာဉ်နစ်မြုပ်မှုမှတ်တမ်းဓါတ်ပုံ
  • စက်ခန်းအုပ်အပါအဝင် ရေယာဉ်လုပ်သားများ၏တွက်ဆိုချက်များ
  • သယ်ယူကုန်ကျစရိတ်တောင်းခံလွှာ
  • ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်
  • ပျက်စီးဆုံးရှုံးသည့် ပစ္စည်းစာရင်းနှင့်တန်ဘိုးစာရင်း
  • ပျက်စီးပစ္စည်းများအား ပြန်လည်ရောင်းချရငွေစာရင်း

ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၃) ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။

(က)      Policy စာချုပ်မူရင်း

( ခ)      ပြင်ဆင်ချက်(ရှိပါက)

(ဂ)       ရေယာဉ်လိုင်စင် ၊ တွဲလိုင်စင်

(ဃ)      ရေယာဉ်အုပ် (သို့) ဆလင်၏ကျမ်းကျိန်ဆိုချက်

(င )      မျှောစာ (သို့) ကုန်ပို့လွှာ

(စ )      သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်ထောက်ခံချက်

(ဆ)      သက်ဆိုင်ရာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ထောက်ခံချက်

(ဇ )      ရေယာဉ်အုပ်လိုင်စင်၊ စက်ခန်းအုပ်လိုင်စင်း

(ဈ )      ရေယာဉ်နစ်မြုပ်မှုမှတ်တမ်းဓါတ်ပုံ

(ည )     စက်ခန်းအုပ်အပါအဝင် ရေယာဉ်လုပ်သားများ၏တွက်ဆိုချက်များ

(ဋ )      သယ်ယူကုန်ကျစရိတ်တောင်းခံလွှာ( Sue and Labour Charges )

(ဌ )      ရေယာဉ်ထွက်ခွာခွင့်ပြုလက်မှတ်

(ဍ )      ပျက်စီးဆုံးရှုံးသည့် ပစ္စည်းစာရင်းနှင့်တန်ဘိုးစာရင်း

(ဎ )      ပျက်စီးပစ္စည်းများအား ပြန်လည်ရောင်းချရငွေစာရင်း

Inland Marine Cargo Insurance Proposal

Land Marine Cargo Insurance Proposal

စည်းကမ်းချက်များ

၁။ အကြုံးဝင်လိုင်စင်ရှိသော ယာဉ်မောင်းများ မောင်းနှင်သည့် ယာဉ်များဖြင့် သယ်ဆောင်ရမည်။
၂။ လိုင်စင်ရှိသော/ လိုင်စင်သက်တမ်း အကြုံးဝင်သော ယာဉ်များဖြင့် သယ်ဆောင်ရမည်။
၃။ ပရီမီယံနှင့်အတူ တံဆိပ်ခေါင်းဖိုးကိုပါ တစ်ပါတည်း ပေးဆောင်ရမည်။
၄။ ပေးသွင်းပြီး ပရီမီယံကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
၅။ အဆိုလွှာတွင် ဖော်ပြချက်များ မမှန်ပါက FNI တွင် တာဝန်မရှိပါ။
၆။ ပြင်ဆင်ချက်တစ်စုံတစ်ရာ ရှိပါက အဆိုလွှာတွင် ဖော်ပြခဲ့သော အာမခံသက်တမ်းအစမီ FNI သို့ ကြိုတင် အကြောင်းကြားရမည်။
၇။ ခရီးစတင်ထွက်ခွာသည့် အချိန်မှ ခရီးဆုံးသို့ ဆိုက်ရောက်သည့် အချိန်အတွင်း ဖြစ်ပွားပေါ်ပေါက်သော ဆုံးရှုံးမှုများအတွက်သာ လျော်ကြေးအကြုံးဝင်သည်။
၈။ ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်သည် ခရီးစဉ်အတွင်းပိုင်ရှင်က တမင်ရည်ရွယ်ချက်ကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ မတော်တဆ မီးလောင်ခြင်းကြောင့်လည်းကောင်း၊ စက်တပ်ယာဉ်ထိခိုက်မှုကြောင့်လည်းကောင်း၊ စက်ချို့ယွင်းမှုကြောင့်လည်းကောင်း၊ တစ်စုံတစ်ရာ နှင့် တိုက်မိခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ တိုက်ရိုက်ပေါ်ပေါက်သော ထိခိုက်ပျက်စီးမှုများကြောင့် အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရှုံးမှသာ လျော်ကြေးအကြုံးဝင်ပါသည်။
၉။ ဆုံးရှုံးမှုပေါ်ပေါက်ပါက FNI သို့ဖြစ်စေ၊ နီးစပ်ရာ FNI ရုံးခွဲများသို့ဖြစ်စေ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်။ FNI မှ တာဝန်ရှိသူများမှ ဆုံးရှုံးမှုအား မျက်မြင်စစ်ဆေးမည် ဖြစ်ပါသည်။
 (ဖုန်း- ၀၁-၈၆၁၀၆၆၁~၅)
၁၀။ ဆုံးရှုံးမှုဖြစ်ပွားလျှင် ပစ္စည်းပိုင်ရှင်သည် အာမခံထားသော ပစ္စည်းများကို ဆုံးရှုံးမှုနည်းပါးသက်သာစေရန် ဘေးလွတ်ရာသို့ ဆယ်တင်/ သယ်ယူရန် လိုအပ်ပါသည်။ ဆယ်တင် / သယ်ယူစရိတ်ကို ကုန်ပစ္စည်းပိုင်ရှင်မှ တောင်းခံခွင့်ရှိသည်။
၁၁။ ခရီးစဉ်အတွင်း အကြောင်းကြောင်းကြောင့် ယာဉ်ပြောင်းလဲတင်ဆောင်ခြင်းကို ခွင့်ပြုသည်။ FNI သို့ ဖုန်း၊ ဖက်စ်၊ စာဖြင့် ချက်ချင်း အကြောင်းကြားရမည်။
၁၂။ ပရီမီယံကို ပိုင်ရှင် ကိုယ်တိုင် (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်က ပေးသွင်းရန်။

Premium Calculator

Additional Cover

Frequently Asked Questions

ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် အာမခံတန်ဖိုးကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် သယ်ယူသည့်ကုန်ပစ္စည်းတန်ဖိုး (ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ၁၀% အပိုဆောင်း၍ ထားနိုင်ပါသည်) ကို အာမခံတန်ဖိုးအဖြစ် သတ်မှတ်ထားရှိနိုင်မှာဖြစ်ပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် အာမခံသက်တမ်းကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် ကုန်ပစ္စည်းစတင်သယ်ဆောင်သည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံမှ ကုန်ပစ္စည်းရောက်ရှိသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်လှောင်ရုံအထိ ခရီးစဉ်တစ်ခေါက်ကို အာမခံသက်တမ်းအဖြစ် သတ်မှတ်ထားပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းအတွက် အာမခံတန်ဖိုး၏ (၀.၁၄% မှ ၀.၈၄%) နှင့် မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းအတွက် အာမခံတန်ဖိုး၏ (၀.၁၄% မှ ၀.၈၀%) သတ်မှတ်ထားပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံသည် မြန်မာနိုင်ငံအတွင်း မြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့် ကုန်းလမ်းခရီးတို့တွင် ရေယာဉ်၊ မော်တော်ကားစသည်တို့ဖြင့် ကုန်ပစ္စည်းများတစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် အပိုအကာအကွယ်များဝယ်ယူနိုင်ပါသလား။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် စစ်နှင့်စစ်အသွင်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်း၊ လူထုအုံကြွမှုတို့ကို အစိုးရလုပ်ငန်းများအတွက်သာ အပိုအကာအကွယ်ဝယ်ယူနိုင်ပါသည်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံထားရှိခြင်းဖြင့် မည်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံထားရှိခြင်းအားဖြင့် သယ်ဆောင်သည့်ယာဉ် မတော်တဆ မီးလောင်၊ပေါက်ကွဲခြင်း၊ မော်တော်ယာဉ်တိမ်းမှောက်ခြင်း၊ မီးရထားလမ်းချော်ခြင်း၊ ရေယာဉ်နှစ်မြုပ်ခြင်းတို့ကြောင့် တိုက်ရိုက်ပေါ်ပေါက်သော ကုန်ပစ္စည်းများ လုံးဝပျက်စီးခြင်းများအတွက် လျော်ကြေးခံစားခွင့် ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းရေကြောင်းကုန်ပစ္စည်းအာမခံတွင် လျော်ကြေးခံစားခွင့် အကျုံးမဝင်သော အချက်များရှိပါသလား။
သတ်မှတ်ထားသော ရေယာဉ်လိုင်စင်၊ မော်တော်ယာဉ်လိုင်စင်နှင့် လုပ်ငန်းလိုင်စင်များ မရှိခြင်းနှင့် သက်တမ်းကုန်ဆုံးနေခြင်းများ၊ ခရီးစဉ်စတင်မထွက်ခွာမှီနှင့် ခရီးဆုံးသို့ရောက်ပြီးနောက် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ၊ သတ်မှတ်ထားသောအလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အစရှိသည်တို့အတွက် လျော်ကြေးခံစားခွင့် အကျုံးမဝင်ပါ။

coming soon!