အဝေးပြေးလမ်းမကြီးများဆိုင်ရာအထူးခရီးသွားအာမခံ

အဝေးပြေးလမ်းမကြီးများဆိုင်ရာအထူးခရီးသွားအာမခံ

Download

အဝေးပြေးလမ်းမကြီးများဆိုင်ရာအထူးခရီးသွားအာမခံ

Download

Special Travel Insurance Policy

အထူးခရီးသွားအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၁) လျော်ကြေးပေါ်ပေါက်ကြောင်းကနဦးချက်ချင်းအကြောင်းကြားရန်။
  • ယာဉ်အမှတ်
  • ယာဉ်လိုင်း
  •  ခရီးစဉ်
  • ထွက်ခွာသည့်နေ့ရက်
  • ထွက်ခွာချိန်
  •  ခရီးသည်အမည်/မှတ်ပုံတင်အမှတ်
  • ထိုင်ခုံအမှတ်
(၂) အထူးခရီးသွားအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါ အထောက်အထားများပူးတွဲတင်ပြရန်။
(က)      သေဆုံးပါက

    • သေစာရင်းမိတ္တူ
    • အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်းအထောက်အထား
    • သက်ဆိုင်ရာနယ်မြေရဲစခန်းထောက်ခံချက်
    • သက်ဆိုင်ရာယာဉ်လိုင်းအသင်း၏ ဖြစ်ပွားကြောင်းအကြောင်းကြားစာ
(ခ)       ဒဏ်ရာရရှိပါက

    • ဒဏ်ရာရရှိမှုဆေးမှတ်တမ်း သို့မဟုတ် ဆေးထောက်ခံစာမိတ္တူ
    •  သက်ဆိုင်ရာနယ်မြေရဲစခန်းထောက်ခံချက်
    • သက်ဆိုင်ရာယာဉ်လိုင်းအသင်း၏ဖြစ်ပွားကြောင်းအကြောင်းကြားစာ
    • ဒဏ်ရာရသူ၏မှတ်ပုံတင်မိတ္တူ
    • ဒဏ်ရာဓာတ်ပုံမှတ်တမ်း

Premium Calculator

Frequently Asked Questions

အထူးခရီးသွားအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။
အဝေးပြေးအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအသုံးပြုပြီး ခရီးသွားလာကြမည့် ခရီးသည်များမှ အထူးခရီးသွားအာမခံကို ဝယ်ယူထားရှိနိုင်မှာ ဖြစ်ပါတယ်။
အထူးခရီးသွားအာမခံတွင် အာမခံသက်တမ်းဘယ်လောက်သတ်မှတ်ထားပါသလဲ။
အထူးခရီးသွားအာမခံတွင် ခရီးစဉ်စတင်ချိန်မှ ခရီးစဉ်အဆုံးသတ်ချိန်အထိ (၂၄)နာရီအတွင်း သတ်မှတ်ထားပါသည်။
အထူးခရီးသွားအာမခံတွင် အာမခံကြေး (ပရီမီယံ)ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
အထူးခရီးသွားအာမခံတွင် အာမခံကြေး (ပရီမီယံ)ကို တစ်ယူနစ်လျှင် (၃၀၀)ကျပ်နူန်းဖြင့် လူတစ်ဦးလျှင် အများဆုံး (၂)ယူနစ်အထိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အထူးခရီးသွားအာမခံထားရန် အဝေးပြေးယာဉ်လိုင်းများအတွက် မည်သို့သတ်မှတ်ထားပါသလဲ။
အထူးခရီးသွားအာမခံထားရန် အဝေးပြေးယာဉ်လိုက်များအနေဖြင့် ယာဉ်အမှတ်၊ Seat Plan နှင့် လူဦးရေစာရင်း၊ အမည်စာရင်းနှင့် မှတ်ပုံတင်နံပတ်များ၊ သွားရောက်မည့်ခရီးစဉ်နှင့် ထွက်ခွာချိန်လိုအပ်ပါသည်။
ကိုယ်ပိုင်ယာဉ်များအတွက် အထူးခရီးသွားအာမခံထားရန် မည်သို့သတ်မှတ်ထားပါသလဲ။
အထူးခရီးသွားအာမခံထားရန် ကိုယ်ပိုင်ယာဉ်များအနေဖြင့် ယာဉ်အမှတ်၊ လိုက်ပါမည့်လူစာရင်းနှင့် မှတ်ပုံတင်နံပတ်များ၊ အကျိုးခံစားခွင့်လွှဲအပ်ခြင်းခံရသူအမည်နှင့် မှတ်ပုံတင်နံပတ်၊ သွားရောက်မည့်ခရီးစဉ်နှင့် ထွက်ခွာချိန်လိုအပ်ပါသည်။
အထူးခရီးသွားအာမခံသည် မည်သို့သော အာမခံအမျိုးအစားဖြစ်ပါသလဲ။
အဝေးပြေးအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအသုံးပြုပြီး ခရီးသွားလာကြမည့် ခရီးသည်များအတွက် ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဒါဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
အထူးခရီးသွားအာမခံထားရှိထားပြီး ဒါဏ်ရာရလျှင် လျော်ကြေးခံစားခွင့်တောင်းခံရန် လိုအပ်သောအချက်များကို ပြောပြပါ။
အထူးခရီးသွားအာမခံထားရှိထားပြီး ဒါဏ်ရာရလျှင် သက်ဆိုင်ရာမြို့နယ်ကျန်မာရေးဦးစီးဌာနမှ ဆရာဝန် ထောက်ခံချက်၊ ဖြစ်ပွားရာဒေသမှ ပြည့်သူ့ရဲတပ်ဖွဲ့ထောက်ခံချက်၊ တောင်းခံသူ(ကာယကံရှင်ကိုယ်တိုင်)၏ နိုင်ငံသားစီစစ်ရေးကဒ် မိတ္တူမှန်၊ ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား အစရှိသည်တို့ လိုအပ်မှာဖြစ်ပါတယ်။
အထူးခရီးသွားအာမခံထားရှိထားပြီး သေဆုံးလျှင် လျော်ကြေးခံစားခွင့်တောင်းခံရန် လိုအပ်သော အချက်များကို ပြောပြပါ။
အထူးခရီးသွားအာမခံထားရှိထားပြီး သေဆုံးလျှင် သေစာရင်းမိတ္တူမှန်၊ သေဆုံးသူနှင့် အကျိုးခံစားခွင့်တောင်ခံသူတို့ပါဝင်သည့် အိမ်ထောင်စုစာရင်းမိတ္တူမှန်၊ တောင်းခံသူသည် သေဆုံးသူ၏ အကျိုးခံစားခွင့်ရှိသူမှန်ကန်ကြောင်း နေထိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း၏ ထောက်ခံချက် အစရှိသည်တို့ လိုအပ်မှာဖြစ်ပါတယ်။
အထူးခရီးသွားအာမခံထားခြင်းအားဖြင့် ထိခိုက်ဒါဏ်ရာရရှိလျှင် မည်သို့အကျိုးခံစားခွင့် ရရှိနိုင်မလဲ။
အထူးခရီးသွားအာမခံထားခြင်းအားဖြင့် ထိခိုက်ဒါဏ်ရာရရှိလျှင် ဒါဏ်ရာအခြေအနေပေါ်မူတည်၍ သတ်မှတ်ထားသော နှုန်းများအလိုက် အမြင့်ဆုံး (၂၄)သိန်းအထိ လျော်ကြေးခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
အထူးခရီးသွားအာမခံထားခြင်းအားဖြင့် သေဆုံးလျှင် မည်သို့အကျိုးခံစားခွင့် ရရှိနိုင်မလဲ။
အထူးခရီးသွားအာမခံထားခြင်းအားဖြင့် သေဆုံးလျှင် အာမခံထားငွေ(၁)ယူနစ်အတွက် ပရီမီယံကျပ်(၃၀၀) ပေးသွင်းထားသော ခရီးသည်တစ်ဦးသေဆုံးခြင်းဖြစ်ခဲ့လျှင် ၎င်း၏အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူထံသို့ ကျပ်သိန်း(၃၀) ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်။

coming soon!