ရေယာဉ်ကိုယ်ထည်အာမခံ

ရေယာဉ်ကိုယ်ထည်အာမခံ

Download

Terms and Conditions File (Time)

Download

Terms and Conditions File (Voyage)

Download

Terms and Conditions File (Wooden)

Download

Inland Marine Hull Insurance Policy – Time

Download

 

Inland Marine Hull Insurance Policy – Voyage

Download

Oversea Marine Hull Insurance Policy – Time

Download

 

Oversea Marine Hull Insurance Policy – Voyage

 

Oversea Marine Hull Insurance Policy – Wooden

ရေကြောင်းကိုယ်ထည်အာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်      – Claim Hot Line – 09 940777888

(၃) ရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများပူးတွဲတင်ပြရန်။

  • ပေါ်လီစီစာချုပ်( Policy )
  •  သင်္ဘောနေ့စဉ်မှတ်တမ်း (Log Abstract)
  • ဓါတ်ပုံများ (Photos)
  • ရေယာဉ်မှူးလိုင်စင်မိတ္တူ (Master Licence)
  • ရေယာဉ်မှူး၏အစီရင်ခံစာ (Master Report)
  •  ပျက်စီးမှုအစီရင်ခံစာ (Damage Report)
  • ပြင်ဆင်စရိတ်စာရင်းများ (Repair Invoice)
  • စစ်ဆေးချက်အစီရင်ခံစာ (Survey Report)
  •  စစ်ဆေးခအတွက်တောင်းခံလွှာ (Bill of Survey Fees)
  • ပြည်တွင်းရေကြောင်းသွား ရေယာဉ်/စက်မဲ့ကုန်တင်တွဲ အန္တရာယ်ကင်းရှင်းကြောင်း ယာယီ လက်မှတ် (Inland Vessel Safety Certificate)
  • မတော်တဆဖြစ်ပွားမှုအတွက် ရေကြောင်းပို့ဆောင်ညွှန်ကြားရေးညွှန်ကြားမှုဦးစီးဌာနသို့ သတင်းပို့ သည့်စာ မိတ္တူ
  • ရညန၏တိုင်းတာစစ်ဆေးရေးမှူးမှစစ်ဆေးပြီးထုတ်ပေးသည့် စစ်ဆေးချက်မှတ်တမ်း
  •  ရာသီဥတုကြောင့်ဖြစ်ပွားပါက အခင်းဖြစ်ပွားချိန် Weather Report

Marine Hull Insurance Proposal

Download

Marine Hull Insurance Proposal

Premium Calculator

Frequently Asked Questions

ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံတန်ဖိုးကို မည်သို့သတ်မှတ်ထားပါသလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ရေယာဉ်တန်ဖိုးကို အာမခံတန်ဖိုးအဖြစ်သတ်မှတ်ထားပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံသက်တမ်းကို မည်သို့သတ်မှတ်ထားပါသလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံသက်တမ်းကို ခရီးတစ်ခေါက် (Voyage) နှင့် ၁ နှစ် (Time) ဟူ၍ (၂) မျိုးသတ်မှတ်ထားပါတယ်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံကြေး (ပရီမီယံ)ကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် အာမခံကြေး (ပရီမီယံ)ကို သံကိုယ်ထည်အတွက် အနည်းဆုံး (၁%)မှ အများဆုံး (၃%) အထိ သတ်မှတ်ထားပြီး သစ်သားကိုယ်ထည်အတွက် အနည်းဆုံး (၁.၄%)မှ အများဆုံး (၂%)အထိ သတ်မှတ်ထားပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
ရေယာဉ်ကိုယ်ထည်အာမခံသည် မြန်မာပြည်တွင်း၊ ပြည်ပနှင့် ကမ်းရိုးတန်းတွင် ခုတ်မောင်းသွားလာနေသည့် ရေယာဉ်များ မတော်တဆမှုဖြစ်ပွားသည့်အခါ ဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။
ရေယာဉ်ကိုယ်ထည်အာမခံကို ရေယာဉ်ကိုပိုင်ဆိုင်သူ (သို့မဟုတ်) ငှားရမ်းသုံးစွဲသူမှ အာမခံထားရှိနိုင်ပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ရေယာဉ်၏သက်တမ်းအား ကန့်သတ်ထားပါသလား။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ရေယာဉ်၏သက်တမ်း နှစ်(၂၀) ကျော်ပါက ကျသင့်ပရီမီယံပေါ် ၁၀% ထပ်ဆောင်းကောက်ခံပါသည်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း၊ ပြည်ပ သံကိုယ်ထည် မြစ်တွင်းသွား (အထွေထွေကုန်တင်/လောင်စာသည်တင်) ရေယာဉ်များအတွက် အာမခံ (ပရီမီယံကြေး) မည်မျှကျသင့်မလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း၊ ပြည်ပ သံကိုယ်ထည် မြစ်တွင်းသွား (အထွေထွေကုန်တင်/လောင်စာသည်တင်) ရေယာဉ်များအတွက် အနည်းဆုံး (၁%)မှ အများဆုံး (၂.၆%) အထိကျသင့်မှာဖြစ်ပါတယ်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း၊ ပြည်ပ သံကိုယ်ထည် ကမ်းရိုးတမ်းသွား (အထွေထွေကုန်တင်/ လောင်စာသည်တင်/ငါးဖမ်း) ရေယာဉ်များအတွက် အာမခံ (ပရီမီယံကြေး) မည်မျှကျသင့်မလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း၊ ပြည်ပ သံကိုယ်ထည် ကမ်းရိုးတမ်းသွား (အထွေထွေကုန်တင်/ လောင်စာသည်တင်/ငါးဖမ်း) ရေယာဉ်များအတွက် အနည်းဆုံး (၁.၄%) မှ အများဆုံး (၃%) အထိ ကျသင့်မှာဖြစ်ပါတယ်။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း သစ်သားကိုယ်ထည် ကမ်းရိုးတမ်းသွား (အထွေထွေကုန်တင်/ ငါးဖမ်း) ရေယာဉ်များအတွက် အာမခံ (ပရီမီယံကြေး) မည်မျှကျသင့်မလဲ။
ရေယာဉ်ကိုယ်ထည်အာမခံတွင် ပြည်တွင်း သစ်သားကိုယ်ထည် ကမ်းရိုးတမ်းသွား (အထွေထွေကုန်တင်/ငါးဖမ်း) ရေယာဉ်များအတွက် အနည်းဆုံး (၁.၈၀%) မှ အများဆုံး (၂%) အထိ ကျသင့်မှာဖြစ်ပါတယ်။
ရေယာဉ်ကိုယ်ထည်အာမခံထားရှိခြင်းအားဖြင့် မည်သို့သော အကျိုးကျေးဇူးများရရှိနိုင်ပါသလဲ။
ရေယာဉ်ကိုယ်ထည်အာမခံထားရှိခြင်းအားဖြင့် မြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာအတွင်းဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များ၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ ပင်လယ်ဓားပြတိုက်ခံရခြင်း၊ ကုန်တင်/ကုန်ချနေစဉ် (သို့) ကုန် (သို့) လောင်စာဆီများရွှေ့ပြောင်းစဉ် မတော်တဆထိခိုက်ခြင်း၊ ရေယာဉ်မှူး (သို့) အရာရှိ (သို့) ရေကြောင်းပြတို့၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်းများဖြစ်ပေါ်လာပါက လျော်ကြေးခံစားခွင့် ပြန်လည်ရရှိနိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

coming soon!