ပြည်ပရေကြောင်းပို့ကုန်အာမခံ

ပြည်ပရေကြောင်းပို့ကုန်အာမခံ

Download

ပြည်ပရေကြောင်းပို့ကုန်အာမခံ

Download

ပြည်ပရေကြောင်းပို့ကုန်အာမခံ

Download

Marine Cargo Insurance (Overseas) Policy

ပြည်ပရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးပေါ်ပေါက်လာပါကဆောင်ရွက်ရမည့်အချက်များ

(၁) လျော်ကြေးပေါ်ပေါက်ပါကအောက်ပါဖုန်းနံပါတ်သို့ ကနဦးချက်ချင်း(ဖြစ်လျှင်ဖြစ်ချင်း)အကြောင်းကြားရပါမည်။

သတင်းပို့ရန် ဖုန်းနံပါတ်        Claim Hot Line – 09 940777888

(၃) ပြည်ပရေကြောင်းကုန်ပစ္စည်းအာမခံလျော်ကြေးတောင်းခံလွှာနှင့်အတူအောက်ပါအထောက်အထားများ ပူးတွဲတင်ပြရန်။

  • ပေါ်လီစီစာချုပ်မူရင်း
  •  လျော်ကြေးတောင်းခံလွှာ
  •  ပြင်ဆင်ချက်(ရှိပါက)
  • ကုန်ပစ္စည်းစာရင်း
  • ကုန်ပို့လွှာ
  •  ဆယ်တင်တန်ဖိုး
  • ဆယ်တင်ကုန်ကျစရိတ် (မူရင်း)
  • ရေယာဉ်အုပ်/ကိုယ်စားလှယ်ထောက်ခံစာ
  • မှတ်တမ်းဓါတ်ပုံ

 

Marine Cargo Insurance (Overseas) Proposal

Download

Premium Calculator

Additional Cover

Frequently Asked Questions

ပြည်ပရေကြောင်းပို့ကုန်အာမခံတွင် အာမခံတန်ဖိုးကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်ပကုန်စည်ပို့ဆောင်မှုအာမခံတွင် ကုန်ပစ္စည်းတန်ဖိုး (ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေ) ကို အာမခံတန်ဖိုးအဖြစ် သတ်မှတ်ထားရှိနိုင်ပါသည်။
ပြည်ပရေကြောင်းပို့ကုန်အာမခံတွင် အာမခံသက်တမ်းကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်ပကုန်စည်ပို့ဆောင်မှုအာမခံတွင် ခရီးစဉ်အစမှ ခရီးစဉ်အဆုံး (Trashipments ရှိပါကဖော်ပြပေးရန်) ကို အာမခံသက်တမ်းအဖြစ် သတ်မှတ်ထားပါသည်။
ပြည်ပရေကြောင်းပို့ကုန်အာမခံတွင် အာမခံကြေး (ပရီမီယံ) ကို မည်သို့သတ်မှတ်ထားပါသလဲ။
ပြည်ပကုန်စည်ပို့ဆောင်မှုအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို ကုန်ပစ္စည်းတန်ဖိုး၏ (၀.၅၆%) မှ (၀.၈၀%) အထိ သတ်မှတ်ထားပါသည်။
ပြည်ပရေကြောင်းပို့ကုန်အာမခံသည် မည်သို့သောအာမခံအမျိုးအစားဖြစ်ပါသလဲ။
ပြည်ပရေကြောင်းပို့ကုန်အာမခံသည် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများကို လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။
ပြည်ပရေကြောင်းပို့ကုန်အာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။
ပြည်ပရေကြောင်းပို့ကုန်အာမခံကို ကုန်ပစ္စည်းပိုင်ရှင်များ (သို့မဟုတ်) ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်များမှ အာမခံထားရှိနိုင်ပါသည်။
ပြည်ပရေကြောင်းပို့ကုန်အာမခံထားရှိခြင်းဖြင့် မည်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။
ပြည်ပရေကြောင်းပို့ကုန်အာမခံထားရှိခြင်းအားဖြင့် ပြည်ပသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် သယ်ဆောင်သည့်ယာဉ် မတော်တဆမီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ တစ်စုံတစ်ရာနှင့် တိုက်မိခြင်း၊ တိမ်းမှောက်ခြင်း၊ နစ်မြုပ်ခြင်း စသည်တို့ကြောင့် တိုက်ရိုက်ပေါ်ပေါက်လာသော ကုန်ပစ္စည်းများပျက်စီးခြင်းအတွက် လျော်ကြေးခံစားခွင့် အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပြည်ပရေကြောင်းပို့ကုန်အာမခံတွင် လျော်ကြေးခံစားခွင့် အကျုံးမဝင်သော အချက်တွေက ဘာတွေပါလဲ။
ပြည်ပရေကြောင်းပို့ကုန်အာမခံတွင် သတ်မှတ်စည်းကမ်းများနှင့် မညီညွတ်သော ပျက်စီးဆုံးရှုံးမှုများ၊ ခရီးစဉ်စတင်မထွက်ခွာမှီနှင့် ခရီးဆုံးသို့ရောက်ရှိပြီးနောက် ဖြစ်ပေါ်သောပျက်စီးဆုံးရှုံးမှုများ အစရှိသည်များသည် လျော်ကြေးခံစားခွင့်အတွက် အကျုံးမဝင်သော အချက်များဖြစ်ပါသည်။

coming soon!