Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

Our Company

Executive Summary

FNIG, in accordance with the insurance business law and regulations, has been accepting insurance operations since June 14, 2013 with the approval of the Ministry of Planning and Finance, Insurance Business Regulatory Board (IBRB) with the integrated insurance business license (No. 007) as FNIP, and with the general insurance business license (No. 003) as FNIG since April 1st, 2019 we have accepted the insurance business. With a company capital of 40 billion kyats and 500,000 US dollars invested, FNIG provides insurance services to the insurance industry in both Myanmar MMK and US dollars.

With 13 years of experience as an insurance company, as well as a strong management team and more than nearly 320 professional employees with insurance qualifications, we currently accept 15 types of insurance and provide insurance services to the public.

In order to cover the whole of Myanmar and with the aim of providing easy access to insurance protection and lives in peace of mind, in addition to the Yangon headquarters, there are (3) branch offices in Yangon, as well as (13) regional offices in the provinces/regions such as Mandalay, Monywa, Mawlamyine, Pyay, Magway, Pathein, Nay Pyi Taw, Myitkyina, Taunggyi, Taungoo, Kalay, Myeik, Pyigyitagon opening and providing insurance services to all across the Nation.

FNIG is delighted to state that it has the privilege of playing a critical role in Myanmar’s social and economic reforms by ensuring peace of mind and promoting opportunities for prosperity nationwide.

FNIG provides prompt 24 hours claims services and has been gaining the reputation of effective professional claims handling.

FNIG has opened insurance agent training schools in Yangon and Mandalay, producing candidates for the future insurance world.

As FNIG strives to provide insurance services for customers, as well as for internal customers, employees who are internal customers, to fully improve their work skills and to further improve their ability to work in the field of external relations, we are creating and developing the Management Development Program (MDP) which is a program to provide necessary skills for the management field.

Protecting the people of Myanmar!

Vision

To become a leading Insurance Company in Myanmar by fostering Industrial & Economic growth as well as improving quality of peoples’ lives.

Mission

To help our customers by protecting their assets and achieve financial security with Peace of Mind.

Core values

  • Integrity
  • Team Spirit
  • Customer Centricity
  • Respect & Courtesy
  • Innovation
  • Dedication

Our Quality Policies

 

FNIG must be the first choice of a customer whenever and wherever thinking about “Peace of Mind” for his life, property and automobile etc. We always support Myanmar insurance market with special attention on the awareness about the importance of insurance system.

FNIG concentrates on canvassing business both on direct basis as well as through our agents. We have appointed qualified resident personnel in many townships across Myanmar either as branch offices or mobile teams to serve our insuring public in any way. We offer insurance solutions to the difficulties and problems of the insuring public with the acceptance of risks managed by qualified and experienced underwriters.

FNIG seeks to establish a reputation for itself as an efficient and fair insurer by meeting its claims obligations in a prompt and efficient manner. To implement this resolution, we include in our team professionals such as counsels, surveyors, adjusters etc.

We shall continually maintain and improve our efficient and quality management system, meeting both the regulatory and ISO 9001:2015 requirements.

Lines of Businesses

Through innovative product design & dedication to meet our customers’ needs, FNIG has positioned ourselves as the powerful regional insurance provider.

OUR LINES OF BUSINESS INCLUDE :

  1. Comprehensive Motor Insurance
  2. Fire & Allied Perils Insurance
  3. Cash in Safe Insurance
  4. Cash in Transit Insurance
  5.  Fidelity Insurance
  6. Marine Hull Insurance
  7. Inland Marine Cargo Insurance
  8. Overseas Marine Cargo Insurance
  9. Travel Insurance
  10. Highway Express (Special) Travel Insurance
  11. Industrial All Risk Insurance (start from 1st October, 2020)
  12. Construction All Risk/ Erection All Risk Insurance (start from 1st October, 2020)
  13. Bailee’s Liability Insurance (start from 1st October, 2020)
  14. Micro Health Insurance
  15. Personal Accident Insurance
  16. Health Insurance
  17. Critical Illness Insurance
  18. Parcel Insurance

Our lines of business are not limited to these. We will launch new product lines in the near future as we move forward.

Services

We put focus on the following areas as we believe these areas are our core strengths in delivering our services:

  1. Identifying customer needs
  2. Promoting Insurance awareness
  3. Managing customer’s risk
  4. Responsive Claims Center
  5. Innovative Information & Technology
  6. Call Center
  7. Claim Hot Lines
  8. Facebook Page
  9. Door to Door

Our competitive advantage is that our services are prompt, and incorporate automated technology that will greatly reduce time & error in both underwriting & claim operations.

Organization Structure

Corporate Social Responsibility

  • Promoting social value by providing insurance solutions to address the needs of our customers with respect to finance and health
  • Spreading knowledge about insurance throughout society to encourage higher living standards
  • Working to encourage the well-being of the ecosystem
  • Engaging our shareholders to establish trust in FNI
  • Maintaining transparency and establishing FNI as a safe place for our customers

Code of Conduct

 

အမှုဆောင်အရာရှိချုပ် Mr. Indren Stephen Naidoo ၏ အမှာစကား

 

ဤကျင့်ဝတ်စည်းမျဥ်းသည် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများကို နေ့စဉ်လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ တစ်ဦးချင်းစီထံမှ မျှော်လင့်ထားသော အဓိကအမူအကျင့်များကို ဖော်ပြထားသောကြောင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများအားလုံးအတွက် အရေးကြီးသောအရာဖြစ်သည်။ ဝန်ထမ်းများ၊ ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အများပြည်သူများနှင့် ဆက်ဆံရာတွင် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ကျွမ်းကျင်ပိုင်နိုင်စွာ လေးစားမှုအပြည့်ဖြင့် ပြုမူနေထိုင်ရန် အရေးကြီးဆုံးဖြစ်ပါသည်။ ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့အားလုံးသည် အများပြည်သူယုံကြည်ရသောသူများဖြစ်အောင် မိမိကိုယ်ကိုယ် ဆောင်ကြဉ်းကြရန် မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများနှင့် အပြုအမူအားလုံးကို အချိန်တိုင်းတွင် အမြင့်ဆုံးစံနှုန်း၌ ထိန်းသိမ်းထားရမည်ဖြစ်သည်။ ထို့ကြောင့် ဤကျင့်ဝတ်စည်းမျဥ်းသည် ကျွန်ုပ်တို့၏ ဝန်ထမ်းများအားလုံး လေ့လာသိရှိနားလည်ထားရန် အရေးကြီးသည်။ ထို့အပြင်၊ ဤနေရာတွင်ပါရှိသော အမူအကျင့်ဆိုင်ရာ အခြေခံမူများနှင့် စံနှုန်းများကို ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ဝန်ထမ်းများအားလုံးလိုက်နာပြီး ဖော်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ပါ သည်။

 

ရည်ရွယ်ချက်

 

ကျင့်ဝတ်စည်းမျဥ်း၏ အဓိကရည်ရွယ်ချက်မှာ FNIG အတွင်း ကျင့်ဝတ်ဆိုင်ရာ အပြုအမူ၊ ဥပဒေကြောင်းလိုက်နာမှုနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် တာဝန်ယူမှု/ခံမှုတို့အတွက် ရှင်းလင်း၍ ကိုက်ညီသော မူဘောင်တစ်ခုကို တည်ဆောက်ရန်ဖြစ်သည်။ ရည်ရွယ်ချက်တွင် အောက်ပါအချက်များလည်း ပါဝင်သည်။

  • လုပ်ငန်းဆောင်ရွက်မှုအားလုံးတွင် သမာဓိရှိမှု၊ တာဝန်ခံမှု၊ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှုနှင့် လေးစားမှုတို့ကို မြှင့်တင်ရန်။
  • သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများ၊ ဌာနတွင်းမူဝါဒများနှင့် အာမခံလုပ်ငန်းအတွင်း သက်ရောက်နေသော လုပ်ငန်းစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်။
  • တာဝန်ရှိပြီး ရိုးသားသော စီးပွားရေးအလေ့အကျင့်များကို အားပေးခြင်းဖြင့် FNIG ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရန် နှင့် လူထုယုံကြည်မှုကို ထိန်းသိမ်းနိုင်ရန်။
  • သိက္ခာမဲ့သောအပြုအမူ၊ အကျိုးစီးပွားပဋိပက္ခများနှင့် ကုမ္ပဏီပိုင်ဆိုင်မှုများ သို့မဟုတ် လျှို့ဝှက်အချက်အလက် များကို အလွဲသုံးစားလုပ်ခြင်းအား ကာကွယ်နိုင်ရန်။
  • ဘေးကင်းလုံခြုံပြီး လေးစားထိုက်သော ပတ်ဝန်းကျင် ဖြစ်စေရန်အတွက် ကျင့်ဝတ်နှင့်ကိုက်ညီသော ဆုံးဖြတ်ချက်များချခြင်းနှင့် စိုးရိမ်ပူပန်မှုဖြစ်စေသော ကိစ္စရပ်များအား အစီရင်ခံခြင်းများအတွက် လမ်းညွှန်မှု ပေးရန်။
  • ဝန်ထမ်းများအနေဖြင့် လက်တုံ့ပြန်ခြင်းအားကြောက်ရွံ့ခြင်းမရှိစေဘဲ လက်ခံနိုင်ဖွယ်မရှိသော အမူအကျင့် ဖောက်ပြန်မှုများအား သတင်းပေးနိုင်ရန်နှင့် ဘေးကင်း၍ အကျိုးဖြစ်ထွန်းစေသော အားလုံးပါဝင်သည့် လုပ်ငန်းခွင်တစ်ခု ဖြစ်လာအောင် ပံ့ပိုးကူညီနိုင်ရန်။
  • အားလုံးပါဝင်ခြင်းနှင်အတူ လေးစားထိုက်သော စွမ်းဆောင်ရည်မြင့်မားသည့် လုပ်ငန်းခွင်တစ်ခုအဖြစ်သို့ ပံ့ပိုးကူညီနိုင်ရန်နှင့် FNIG ၏ ရေရှည်အောင်မြင်မှုရရှိစေရန်။

 

၁။  ဥပေ‌ဒေနှင့် စည်းမျဥ်းစည်းကမ်းများအား လိုက်နာမှု

ဝန်ထမ်းများအားလုံးသည် တည်ဆဲဥပဒေများ၊ စည်းမျဉ်းများနှင့် ဌာနတွင်းမူဝါဒများကို လိုက်နာကြရမည်ဖြစ်သည်။ ၎င်းတွင် အာမခံဆိုင်ရာဥပဒေများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများနှင့် စည်းမျဉ်းများ၊ အချက်အလက် ကာကွယ်မှုဆိုင်ရာ လိုအပ်ချက်များနှင့် သက်ဆိုင်ရာမှ အလျင်းသင့်သလို ထုတ်ပြန်ထားသော ဥပဒေများလည်း ပါဝင်သည်။ တရားဥ‌ပဒေအား မသိကျေးကျွန်ပြုခြင်းသည် ခုခံကာကွယ်ခြင်းမဟုတ်ပါ။ သံသယရှိပါက ဝန်ထမ်းများ သည် Legal and Compliance Team မှ လမ်းညွှန်ချက်ကို ရယူသင့်ပါသည်။

 

၂။  ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် သမာဓိရှိမှု

ပရော်ဖက်ရှင်နယ်ဆန်မှု

ဝန်ထမ်းများအနေဖြင့် အချိန်တိုင်းတွင်သာမက အခါအားလျော်စွာ တာဝန်ပေးထားသည့် လုပ်ငန်းတိုင်းတွင် ရိုးသားစွာ၊ လုံ့လဝီရိယရှိစွာနှင့် တက်ကြွစွာ တာဝန်ထမ်းဆောင်ရန် မျှော်လင့်ပါသည်။ ၎င်းထဲတွင် ယုံကြည်အားကိုးရသော ဝန်ထမ်းဖြစ်ခြင်း၊ အတင်းအဖျင်း သို့မဟုတ် ပုတ်ခတ်ပြောဆိုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ မတူကွဲပြားမှုများကို လေးစားခြင်း၊ တိကျမှုနှင့် ဂရုတစိုက်ဖြင့် ဝန်ဆောင်မှုများပေးခြင်းတို့ ပါဝင်သည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်ဆန်သောအပြုအမူများအား အဆင့်အတန်းမြင့်မားစွာ ဖော်ပြရန် မျှော်လင့် ထားသည်။

ဝန်ထမ်းများသည် ပရော်ဖက်ရှင်နယ်ဆန်သော၊ ကောင်းမွန်သော အသွင်အပြင်ကို ထိန်းသိမ်းထားရန် မျှော်လင့်သည်။ ဆံပင်ကို အလွန်တောက်ပသော၊ သဘာဝမဟုတ်သော သို့မဟုတ် ယေဘုယျ လက်ခံထားသော ပရော်ဖက်ရှင်နယ် စံနှုန်းများနှင့် သိသိသာသာကွဲပြားသော အရောင်များအား မဆိုးသင့်ပါ။ ဆံပင်ပုံစံများနှင့် အရောင်များသည် အဖွဲ့အစည်း၏ နာမည်နှင့် ပုံရိပ်ကို ထင်ဟပ်စေသည်။

သမာဓိရှိမှု

ဖောက်သည်များ၊ ဧည့်သည်များ၊ အေးဂျင့်များနှင့် လုပ်ဖော်ကိုင်ဖက်အားလုံးကို အချိန်တိုင်း အပြန်အလှန်လေးစား မှုပြသရန် အလွန်အရေးကြီးပါသည်။ ဆိုရှယ်မီဒီယာပလပ်ဖောင်းများ အပါအဝင် ရုံးချိန်အတွင်း/ ရုံးချိန်ပြင်ပတွင် ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ကျင့်ဝတ်နှင့် အပြုအမူများကြောင့် FNIG ၏ ကောင်းမွန်သော နာမည် သို့မဟုတ် ဂုဏ်သိက္ခာကို မထိခိုက်စေ‌ရေးအတွက် တာဝန်ရှိသည်။

 

၃။  ကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအလေ့အကျင့်များ

ကျွန်ုပ်တို့ FNIG သည် သမာဓိရှိမှု၊ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုအရှိဆုံးဖြင့် လုပ်ငန်းများအားလုံးကို လုပ်ဆောင်ရန် ကတိပြုပါသည်။ ဝန်ထမ်းနှင့် FNI အား ကိုယ်စားပြုသူတိုင်းသည် ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အေးဂျင့်များနှင့် ဥပဒေ/စည်းမျဥ်းစည်းကမ်းချမှတ်သူများနှင့် အပြန်အလှန်ဆက်ဆံမှုတိုင်းတွင် ကျင့်ဝတ်စံနှုန်းများကို အမြင့်ဆုံးလိုက်နာရန် မျှော်လင့်ပါသည်။ ကျွန်ုပ်တို့သည် ငွေကြေးလိမ်လည်မှု၊ လွဲမှားစွာဖော်ပြမှုနှင့် လှည့်ဖြားရောင်းချမှု မည်သည့်ပုံစံမဆို သို့မဟုတ် မဟုတ်မမှန်သော စျေးကွက်ရှာဖွေရေးအလေ့အကျင့်များကို ‌ရှောင်ကြဥ်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လာဘ်ပေးလာဘ်ယူမှု

ပထမအမျိုးသား (အထွေထွေ) အာမခံကုမ္ပဏီလီမိတက်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများအား သည်းခံခြင်းလုံးဝမရှိသည့် မူဝါဒအား ကိုင်ဆွဲထားသည်။ မည်သည့်အခြေအနေမျိုးတွင်မဆို ဝန်ထမ်းများသည် လာဘ်ပေးလာဘ်ယူမှုပြုရန် ကမ်းလှမ်းခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် လာဘ်ပေးခြင်းအား လက်ခံခြင်း မပြုရပါ။ လက်ဆောင်များ၊ ဖျော်ဖြေရေး သို့မဟုတ် ဧည့်ဝတ်ပြုမှုအားလုံးသည် ပေးဆောင်ရန်/ လက်ခံရန် လိုအပ်လာပါက  တရားဝင် ကြိုတင်ခွင့်ပြုချက်တောင်းခံထားရမည်။ လာဘ်ပေးလာဘ်ယူမှုဟု သံသယရှိပါက Compliance Officer ထံ ချက်ချင်းသတင်းပို့ရမည်။

ကျွန်ုပ်တို့၏ဂုဏ်သတင်းသည် ရိုးသားသော၊ တာဝန်သိသောလုပ်ဆောင်မှုများအပေါ်တွင် မူတည်ပြီး၊  ဖောက်သည်များ နှင့် အများပြည်သူတို့၏ ကျွန်ုပ်တို့အပေါ်တွင်ထားရှိသော ယုံကြည်မှုကို မြင့်တက်စေသော အပြုအမူများအတိုင်း ဝန်ထမ်းများအားလုံးလုပ်ဆောင်ရန် မျှော်လင့်သည်။

ငွေကြေးလိမ်လည်မှုကာကွယ်ရေး

အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု၊ မှတ်တမ်းအတုအယောင် သို့မဟုတ် ဖောက်သည်အချက်အလက်များကို အလွဲသုံးစားလုပ်မှု ကဲ့သို့သော ငွေကြေးလိမ်လည်မှုအား တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
ဝန်ထမ်းများသည် လုပ်ဆောင်ချက်အားလုံးကို ရိုးသားပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး အချိန်တိုင်းတိကျပြီး စာရွက်စာတမ်းများ ပြည့်စုံမှုရှိနေစေရမည်ဖြစ်သည်။ သမာဓိစောင့်ထိန်းရန်နှင့် ကျွန်ုပ်တို့၏ဖောက်သည်များ၊ သက်ဆိုင်သူများနှင့် လုပ်ငန်းအကျိုးစီးပွားများကို ကာကွယ်ရန်အလို့ငှာ FNIG သည် တိုင်ကြားစွပ်စွဲချက်များကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး သင့်လျော်သော စည်းကမ်း သို့မဟုတ် ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် ကတိပြုပါသည်။

ရာဇဝတ်မှုကာကွယ်‌ခြင်း

ဝန်ထမ်းများသည် ရုံးပရဝဏ်အတွင်း လောင်းကစားပြလုပ်ခြင်းသာမက ကုမ္ပဏီ၊ ၄င်း၏ ဂုဏ်သိက္ခာ သို့မဟုတ် ဖောက်သည်များကို ထိခိုက်စေနိုင်သော အခြားတရားမဝင် အပြုအမူများ အပါအဝင် ဥပဒေကို ချိုးဖောက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုရပါ။

သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များအား တွေ့ရှိပါက လက်တုံ့ပြန်မှုကို မကြောက်ရွံ့ဘဲ သတင်းပေးတိုင်ကြားမှု ဖြစ်စဥ်အတိုင်း သို့မဟုတ် အခြားတိုင်ကြားမှုနည်းလမ်းများဖြင့် တိုင်ကြားရမည်။

အကျိုးစီးပွားပဋိပက္ခ

ဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များနှင့် ပဋိပက္ခဖြစ်နေသည့် ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေကြေးဆိုင်ရာ အကျိုးစီးပွားများကို ရှောင်ကြဉ်ရမည်။ ဥပမာအားဖြင့် အာမခံလျော်ကြေးတောင်းဆိုမှုများတွင် သူငယ်ချင်း သို့မဟုတ် မိသားစုဝင်ဖြစ်ပါက ထိုသူများကို မျက်နှာသာပေးခြင်း၊ လုပ်ငန်းတာဝန်အရ ပြုလုပ်ရသည့် ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများအပေါ် လွှမ်းမိုးနိုင်သော ရင်းနှီးမြှုပ်နှံမှုများရှိနေခြင်း သို့မဟုတ် ပြိုင်ဘက်ကုမ္ပဏီများအတွက် အလုပ်လုပ်ဆောင်ပေးခြင်းများ ပါဝင်သည်။ ဖြစ်နိုင်ချေရှိသော သို့မဟုတ် အမှန်တကယ် ဖြစ်သော ပဋိပက္ခမှန်သမျှကို တွေ့ရှိပါက လူသားအရင်းအမြစ်စီမံခန့်ခွဲရေးဌာနထံ ချက်ချင်း အကြောင်းကြား ထုတ်ဖော်ရမည်။

လက်ဆောင်ပဏ္ဍာပေးခြင်း၊ လက်ခံခြင်း နှင့် ဧည့်ဝတ်ပြုခြင်း

ဧည့်ဝတ်ပြုမှုများသည် စီးပွားရေးအရပြုလုပ်သော ဆက်ဆံရေးများတွင် ထုံးတမ်းအစဉ်အလာအရ တွေ့ရှိရလေ့ရှိပြီး လုပ်ငန်းအပေါ်ဆုံးဖြတ်ချက်ချရာတွင် လွှမ်းမိုးမှုမရှိပါက ဝန်ထမ်းများသည် ရံဖန်ရံခါ အစားအစာ၊ ဖျော်ဖြေရေး သို့မဟုတ် လက်ဆောင်များကဲ့သို့သော ကျိုးနွံပြီး သင့်လျော်သောဧည့်ဝတ်ပြုမှုကို ပေးဆောင်နိုင်သည် သို့မဟုတ် လက်ခံနိုင်သည်။ သို့ရာတွင် တူညီသောလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများဖြစ်နေပါက၊ အလွန်အကျွံ သို့မဟုတ် မကြာခဏ ထပ်ခါတလဲလဲ ဧည့်ဝတ်ပြုခြင်းသည် မသင့်လျော်သောကြောင့် ရှောင်ကြဉ်ရမည်။

ငွေလက်ဆောင်ကတ်များ သို့မဟုတ် ငွေကြေးထောက်ပံ့ကြေးများ ကဲ့သို့သော ငွေသား သို့မဟုတ် ငွေသားနှင့် ညီမျှသောပုံစံအနေဖြင့်ရှိသော လက်ဆောင်များ လက်ခံခြင်း/ပေးခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ အစိုးရအရာရှိများ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်များအား ဧည့်ဝတ်ပြုခြင်း သို့မဟုတ် တန်ဖိုးရှိသော ပစ္စည်းတစ်ခုခုကို လက်ဆောင်အနေဖြင့်မပေးမီ ကြိုတင်စာဖြင့် ခွင့်ပြုချက်ရယူရမည်။

လက်ဆောင်များနှင့် ဧည့်ဝတ်ပြုမှုအားလုံးသည် ပြဌာန်းထားသောဥပဒေများအရ ကိုက်ညီရမည်၊ ကျွန်ုပ်တို့၏ တရားဝင် ရိုးဖြောင့်သော စီးပွားရေးရည်ရွယ်ချက်ကို ပံ့ပိုးပေးရမည်။ လက်ဆောင်ပစ္စည်းတန်ဖိုးအရလည်း ကျိုးကြောင်းဆီလျော် မှုရှိရမည့်အပြင် ကုမ္ပဏီ၏ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ငန်းရည်မှန်းချက်များအတွက် ပြုလုပ်သော  မြှင့်တင်ရေး လုပ်ငန်းစဥ်များနှင့်လည်း ရှင်းရှင်းလင်းလင်းချိတ်ဆက်ထားရမည်။

ပွင့်လင်းမြင်သာမှုနှင့် တရားမျှတစွာ ဆက်ဆံခြင်း

ကျွန်ုပ်တို့သည် လုပ်ငန်းသဘောအရ ဆက်ဆံမှုအားလုံးတွင် ပွင့်လင်းမြင်သာမှုရှိရန် ကတိပြုပါသည်။ ဝန်ထမ်းများသည် ဖောက်သည်များ၊ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းချမှတ်သူများနှင့် လုပ်ဖော်ကိုင်ဖက်များအား ရှင်းလင်းပြတ်သားသော၊ အမှန်တရားနှင့် ပြည့်စုံသော အချက်အလက်များကို ပေးဆောင်ရမည်ဖြစ်သည်။ အထင်မှားစေသော ကြော်ငြာမှုများပြုလုပ်ခြင်း၊ အာမခံနှင့်ပတ်သက်သော အချက်အလက်များကို လွဲမှားစွာ တင်ပြခြင်း သို့မဟုတ် ဆိုင်းငံ့ထားခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

လှူဒါန်းမှုများနှင့် အဖွဲ့အစည်းမှ ငွေကြေးအထောက်အပံ့ကူညီမှုများ

ကျွန်ုပ်တို့၏လုပ်ဆောင်မှုနယ်ပယ်အားလုံးတွင် ပရဟိတဦးဆောင်လှုပ်ရှားမှုများ၊ လှူဒါန်းမှုများနှင့် အဖွဲ့အစည်းမှ ငွေကြေးအထောက်အပံ့ကူညီမှုများမှတစ်ဆင့် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းကို ပံ့ပိုးကူညီရန် သန္နိဋ္ဌာန်ချထားပါသည်။ မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းအကျိုးအမြတ် ရရှိလိုသော ရည်ရွယ်ချက်ဖြင့် အစိုးရအရာရှိများအား ထိုကဲ့သို့သော လှူဒါန်းမှု/ ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းမျိုးမဟုတ်ကြောင်းကို မလုပ်ဆောင်မီ အတည်ပြုရန် အရေးကြီးပါသည်။

လုပ်ဆောင်မှုအားလုံးတွင် တရားမျှတမှုရှိခြင်း

FNIG သည် ဆုံးဖြတ်ချက်ချခြင်း၊ ဖောက်သည်အားဝန်ဆောင်မှုပေးခြင်း၊ ဝန်ထမ်းခေါ်ယူခြင်း၊ စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးများအပါအဝင် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှု ကဏ္ဍတိုင်းတွင် တရားမျှတမှုရှိရန် ကတိပြုပါသည်။

ဝန်ထမ်းများအားလုံးသည် သမာသမတ်ကျစွာ ပြုမူရမည်။ မျက်နှာသာပေးမှုကို ရှောင်ကြဉ်ပြီး အခွင့်အလမ်းများ၊ အရင်းအမြစ်များနှင့် လုပ်ငန်းတာဝန်များကို မျှတစွာ ခွဲဝေထားရမည်။

ဆုံးဖြတ်ချက်များသည် လူတစ်ဦးတစ်‌ယောက်၏အရည်အချင်းနှင့် ကျွမ်းကျင်မှု၊ အချက်အလက်များနှင့် ပွင့်လင်း မြင်သာသော စံနှုန်းများအပေါ်တွင် အခြေခံသင့်သည်။ တရားမျှတမှုမရှိသော ဆက်ဆံမှု၊ ဘက်လိုက်မှု သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားလုပ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုဆီသို့ ဦးတည်သွားနိုင်သည်။

 

၄။  လျှို့ဝှက်ထားမှုနှင့် သတင်းအချက်အလက်ကာကွယ်မှု

FNIG ၏ အချက်အလက်များအား လျှို့ဝှက်ထားမှုကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် စီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက်မှလွဲ၍ သိရှိရန်မလိုအပ်သော လူပုဂ္ဂိုလ်များ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများအား ထုတ်ဖော်ခြင်းမပြုရန် လိုအပ်သည်။ ၎င်းသည် ဖောက်သည်များနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ အာမခံဆိုင်ရာအချက်အလက်များ နှင့် ဌာနတွင်းစာရွက်စာတမ်းများအပါအဝင် လျှို့ဝှက်အချက်အလက်များအားလုံးကို အကျုံးဝင်ပါသည်။ လျှို့ဝှက်အချက်အလက်များကို ခွင့်ပြုချက်မရှိသူများအား မျှဝေခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာအကျိုးအတွက် အသုံးပြုခြင်း မပြုရပါ။

 

၅။  ကုမ္ပဏီပိုင်ဆိုင်မှုများကို ကာကွယ်ခြင်း နှင့် မှန်ကန်စွာအသုံးပြုခြင်း

ဝန်ထမ်းများအားလုံးအနေဖြင့် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား တာဝန်သိစွာ အသုံးပြုရန်နှင့် ကာကွယ် စောင့်‌ရှောက်ရန် ယုံကြည်ထားသည်။ ဤပိုင်ဆိုင်မှုများတွင် ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု၊ ငွေကြေးအရင်းအမြစ်များ၊ သတင်း အချက်အလက်စနစ်များ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ အမှတ်တံဆိပ်ဂုဏ်သတင်း၊ ဆက်သွယ်ရေးကိရိယာများနှင့် လျှို့ဝှက်အချက်အလက်များ ပါဝင်သည်။

ဝန်ထမ်းတိုင်းအနေဖြင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်း၊ ခိုးယူခြင်း၊ ပျက်စီးခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမှ ကာကွယ်ပေးရန်လိုအပ်ပြီး သံသယဖြစ်ဖွယ် အလွဲသုံးစားလုပ်မှုများ သို့မဟုတ် မမှန်မကန်မှုများအား ချက်ချင်းသတင်းပို့ရန် မျှော်လင့်ပါသည်။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအပေါ် ကောင်းမွန်သော ဂရုစိုက်မှုနှင့် လေးစားသမှုတို့ရှိခြင်းက ကျွန်ုပ်တို့၏ဆက်လက်အောင်မြင်မှုကိုသေချာစေရန်နှင့် ကျွန်ုပ်တို့၏ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အေးဂျင့်များနှင့် သက်ဆိုင်သူများမှ ကျွန်ုပ်တို့အပေါ်ထားရှိသည့် ယုံကြည်မှုကို ပံ့ပိုးပေးပါသည်။

ကုမ္ပဏီ၏အရင်းအမြစ်များကို အလွဲသုံးစားလုပ်ခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ခိုးယူခြင်းများသည် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်းဆီသို့ ဦးတည်သွားနိုင်သည်။

 

၆။  ဝန်ထမ်းများနှင့် ကျန်းမာသုခ

တန်းတူအခွင့်အရေးရရှိရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်‌ရေး

‌ကျွန်ုပ်တို့သည် မတူကွဲပြားပြီး လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခုကို ဖြစ်စေရန် အားပေးပါသည်။ လူမျိုး၊ ကျား/ မ ဖြစ်မှု၊ ဘာသာရေး၊ အသားအရောင်၊ လူမျိုးစုနွယ်ဖွား၊ အိမ်ထောင်ရေးအခြေအနေ၊ လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ မသန်စွမ်းမှု သို့မဟုတ် ဥပဒေအရ အကာအကွယ်ပေးထားသည့် အခြားဝိသေသလက္ခဏာများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းများအား တင်းကြပ်စွာ တားမြစ်ထားသည်။ ဝန်ထမ်းတိုင်းသည် လုံခြုံမှု၊ တန်ဖိုးထားမှု၊ လေးစားမှုတို့ကို ခံစားစေရမည်ဖြစ်သည်။

ဤအကြောင်းအရာအား တစ်စိတ်တစ်ပိုင်းအနေဖြင့် မြှင့်တင်ခြင်းအားဖြင့်၊ လုပ်ငန်းခွင်ရှိ ဝန်ထမ်းများအကြား ဆက်ဆံရေးများတွင် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ သို့မဟုတ် အခြားအမူအကျင့်ဆိုင်ရာ ပြဿနာများ ကြိုတင် ကာကွယ် တားဆီးနိုင်သည်။

မလုံခြုံသော အလုပ်ပတ်ဝန်းကျင်ကို ဖြစ်စေနိုင်သည့် ကိစ္စရပ်များဖြစ်သော ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အနိုင်ကျင့်ခြင်း၊ ရန်လိုခြင်း သို့မဟုတ် အခြားသော လက်ခံနိုင်ဖွယ်မရှိသော အမူအကျင့်များအား  လုံးဝ သည်းမခံသော မူဝါဒရှိသည်။ လက်အောက်ငယ်သား သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအား မည်သည့်ရည်ရွယ်ချက်အတွက်မဆို ခြိမ်းခြောက်ခြင်း သို့မဟုတ် အတင်းအကျပ် ဖိအားပေးခြင်းကို ဘယ်သောအခါမှ သည်းမခံပါ။ အခြားဝန်ထမ်းအား စိတ်ဓာတ်ကျဆင်းစေရန်အတွက် ထိုဝန်ထမ်းနှင့်ပတ်သက်ပြီး မှားယွင်းသော သို့မဟုတ် မလိုမုန်းထားသော အကြောင်းအရာများ လုပ်ကြံပြောဆိုခြင်း သို့မဟုတ် ကောလဟာလများ ဖြန့်ဝေခြင်းများအား တင်းကြပ်စွာ တားမြစ်ထားသည်။

အကယ်၍ ထိုကဲ့သို့သော အပြုအမူတစ်ခုခုကို ကြုံတွေ့ရပါက သို့မဟုတ် မျက်မြင်တွေ့ရှိပါက၊ ကြီးကြပ်ရေးမှူး သို့မဟုတ် သတ်မှတ်ထားသော တာဝန်ရှိသူများထံ ချက်ချင်း သတင်းပို့ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ကျန်းမာသုခရရှိစေရေးနှင့် ဘေးကင်းရေး

ဝန်ထမ်းများသည် လုံခြုံသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို သေချာစေရန်အတွက် သက်ဆိုင်သော ကျန်းမာရေးနှင့် ဘေးကင်းရေး ပရိုတိုကောအားလုံးကို လိုက်နာရပါမည်။ မတော်တဆမှုများ၊ မလုံခြုံသောအခြေအနေများ သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုခံစားနေရခြင်းများကို ဆောလျင်စွာ သတင်းပို့မှသာ ကုမ္ပဏီမှ သင့်လျော်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အလုပ်ခွင်တွင်း၊ ဖောက်သည်နှင့်တွေ့ဆုံသောနေရာများ၊ ကျင်းပသော ပွဲများနှင့် အလုပ်ကိစ္စကြောင့် သွားလာရသော ခရီးစဥ်များတွင်  ကျန်းမာရေးနှင့် ဘေးကင်းရေးဆိုင်ရာ အန္တရာယ်များကို မဖြစ်ပေါ်အောင် ကူညီဆောင်ရွက်ရန် လူတိုင်းတွင် တာဝန်ရှိသည်။

မူးယစ်ဆေးဝါးကင်းစင်သော လုပ်ငန်းခွင်ကို ထိန်းသိမ်းခြင်း

ကုမ္ပဏီပရဝဏ်အတွင်း၊ ကုမ္ပဏီမှ ကမကထပြုသော ပွဲလမ်းသဘင်များတွင်၊ လုပ်ငန်းလုပ်ကိုင်နေချိန်အတွင်း အစရှိသော အချိန်များတွင် တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း၊ တရားဝင်ဆေးစာမပါဘဲ အသုံးပြုခွင့်ကန့်သတ်ထားသော ဆေး သို့မဟုတ် ဆက်စပ်ပစ္စည်းများအပြင် အရက်သေစာသောက်သုံးခြင်းများအား တင်းကြပ်စွာ တားမြစ်ထားသည်။

ဤတားမြစ်ချက်ကို ချိုးဖောက်ပါက အလုပ်မှရပ်စဲနိုင်သည်အထိ အပါအဝင် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ဖြစ်ပေါ်စေနိုင်သည်။ မူးယစ်ဆေးဝါးစွဲလမ်းခြင်းကြောင့် ရုန်းကန်နေရသော ဝန်ထမ်းများအား လူသားအရင်းအမြစ်စီမံခန့်ခွဲ‌ရေးဌာနသို့ အကြောင်းကြားရန်နှင့် ကျွန်ုပ်တို့အား အကြောင်းကြား ရောက်ရှိလာသူများအတွက် ၄င်းတို့၏ အကြောင်းအရာများအား လျှို့ဝှက်ထားမည်ဖြစ်ပြီး၊ လိုအပ်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင်း အရက်သေစာ သို့မဟုတ် မူးယစ်စေသော အရာတစ်ခုခုအား အသုံးပြုနေသည်ကိုတွေ့ပါက လူသားအရင်းအမြစ်စီမံခန့်ခွဲရေးဌာနသို့ သတင်းပို့ရမည်။

 

၇။  ဆက်သွယ်ရေးနှင့် ဆိုရှယ်မီဒီယာ

ဝန်ထမ်းများသည် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း၊ အီးမေးလ်ဖြင့်ဖြစ်စေ အွန်လိုင်းတွင်ဖြစ်စေ အပြန်အလှန်ဆက်သွယ်မှု အားလုံးတွင် ပရော်ဖက်ရှင်နယ်ဆန်စွာ၊ လေးစားစွာ၊ တာဝန်သိစွာ ဆက်သွယ်ပြောဆိုရန် မျှော်လင့်ပါသည်။ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ် သို့မဟုတ် ပရော်ဖက်ရှင်နယ်အရဖြစ်ဖြစ် ဆိုရှယ်မီဒီယာကို အသုံးပြုသည့်အခါ ဝန်ထမ်းများ၏ အပြောအဆို အမူအကျင့်များသည် ကုမ္ပဏီ၏တန်ဖိုးများကို ထင်ဟပ်နေသည့်အတွက် လျှို့ဝှက်အချက်အလက်များကို ထုတ်ဖော်ခြင်း သို့မဟုတ် ကုမ္ပဏီ၏ဂုဏ်သိက္ခာကို မထိခိုက်စေရန် သေချာစေရမည်။ အများသူငှာ သို့မဟုတ် အွန်လိုင်းဖိုရမ်များတွင် အခွင့်အာဏာရှိပုဂ္ဂိုလ်များကသာ ကုမ္ပဏီကိုယ်စားပြုအနေဖြင့် ပြောဆိုနိုင်ပါသည်။

ဝန်ထမ်းများသည် လုပ်ဖော်ကိုင်ဖက်များအား မည်သည့်အချိန်နှင့်နေရာတွင်မဆို လေးစားမှုနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ဆက်ဆံရမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာအသုံးပြုရာတွင် နှောင့်ယှက်မှု၊ ခွဲခြားဆက်ဆံမှု သို့မဟုတ် မသင့်လျော်သောအပြုအမူများတွင် ဘယ်သောအခါမှ မပါဝင်သင့်ပါ။ ဆိုရှယ်မီဒီယာအသုံးပြု၍ အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ဝန်ထမ်းများအား မလေးစားခြင်း အစရှိသော လုပ်ရပ်များအား တင်းကြပ်စွာတားမြစ်ထားသည်။ ဥပမာများအနေဖြင့် ရိုင်းပျသောမှတ်ချက်များ ရေးသားခြင်း၊ မသင့်လျော်သော သို့မဟုတ် မလိုလားအပ်သော အကြောင်းအရာများကို မျှဝေခြင်း၊ ညစ်ညမ်းသော မှတ်ချက်များပေးခြင်း သို့မဟုတ် ဆိုက်ဘာအနိုင်ကျင့်ခြင်းတွင် ပါဝင်ခြင်းတို့ ပါဝင်သည်။ ထိုသို့သောအပြုအမူသည် ရန်လိုသောပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ကုမ္ပဏီ၏တန်ဖိုးများကို ပျက်ပြားစေသည်။

 

၈။  စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများကို အရေးယူခြင်း၊ အစီရင်ခံခြင်းနှင့် သတင်းပေးသူအား အကာအကွယ်ပေးခြင်း

ဤကျင့်ဝတ်စည်းမျဥ်းအား ချိုးဖောက်မှုများသည် သတိပေးစာထုတ်ပြန်ခြင်းမှတဆင့် အလုပ်ရပ်စဲခြင်းအထိ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများအထိ ဖြစ်ပေါ်စေနိုင်သည်။ လက်ခံနိုင်ဖွယ်မရှိသော ကြီးလေးသည့် အမူအကျင့်ဖောက်ပြန်မှု ကိစ္စရပ်များအတွက် ကုမ္ပဏီသည် ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နိုင်သည်၊ သို့မဟုတ် ဥပဒေစိုးမိုးရေးအာဏာပိုင်များအား အလျဉ်းသင့်သလို ပါဝင်ထည့်သွင်းစေနိုင်သည်။

ဝန်ထမ်းများသည် ဤကျင့်ဝတ်စည်းမျဥ်းတွင် ဖော်ပြထားသည်များအား ချိုးဖောက်မှုမှန်သမျှကို အစီရင်ခံရန် တာဝန်ရှိသည်။ တိုင်ကြားမှုများကို လူသားအရင်းအမြစ်စီမံခန့်ခွဲရေးဌာန (သို့မဟုတ်) Legal & Compliance Team ဌာနသို့ ပေးပို့နိုင်သလို သို့မဟုတ် သတင်းပေးတိုင်ကြားမှုချန်နယ်များမှတဆင့် တင်ပြနိုင်သည်။ တိုင်ကြားမှုများကို ရိုးသားသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သင့်ပြီး သက်ဆိုင်သော အချက်အလက်အားလုံးကို ထည့်သွင်းသင့်သည်။ ထိုကဲ့သို့ တိုင်ကြားခြင်းကြောင့် တစ်ဖက်လူပုဂ္ဂိုလ်အပေါ် ပြန်လည်လက်တုံ့ပြန်ခြင်းအား တင်းကြပ်စွာ တားမြစ်ထားပါသည်။ တိုင်ကြားသည့် ဝန်ထမ်းအား ပြန်လည် လက်တုံ့ပြန်ခြင်းဟု ခေါ်ဆိုနိုင်သော လုပ်ရပ်များအား လုပ်ဆောင်မိပါက၊  အလုပ်မှရပ်စဲခြင်းအထိ ပါဝင်နိုင်သော စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရနိုင်သည်။

SC/16088
DownLoad PDF

SC/16082
DownLoad PDF

SC/15916
DownLoad PDF

SC/16003
DownLoad PDF

SC/16017
DownLoad PDF

National Strategy on Money Laundering and Terrorist Financing (2024 – 2028)

Download PDF

International Standard and Myanmar Effort AML

Download PDF

FRD Training

Download PDF

Proliferation for MOPF

Download PDF

Current Situation on AML CFT and Risk

Download PDF

Legal Person Risks for DNFBPs

Download PDF