Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI (General) နှင့် Myanmar Fast Express တို့ MOU စာချုပ် လက်မှတ်ရေးထိုး

Parcel Insurance ကို မြန်မာ့ပထမဆုံးနှင့် တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားသော FNI (General) နှင့် Myanmar Fast Express တို့ပါဆယ်အာမခံအတွက် လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း MOU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့က Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ FNI (General) ၏ Head Of Direct Sale ဒေါ်တင်ဇာဝင့် က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ Myanmar Fast Express နှင့် FNIG တို့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး Parcel Insurance နဲ့ပါတ်သတ်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Myanmar Fast Express တာဝန်ရှိသူ ဒေါ်ဝင်းပပ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လက်မှတ်ထိုးပွဲအား ညနေ(3နာရီ 45 မိနစ်)ခန့်တွင်ရုပ်သိမ်းခဲ့ပါသည်။

 

လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးသောပစ္စည်းများ ပါဆယ်ပို့ဆောင်ရင်း မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ကြုံတွေ့လာရတဲ့အခါ ပျက်စီးဆုံးရှုံးမှုတွေလျော့ပါးစေဖို့ Myanmar Fast Express မှာပါဆယ်ပို့ရင်း FNI (General) ရဲ့ပါဆယ်အာမခံ အကာအကွယ်နဲ့အတူ မြန်မာနိုင်ငံအနှံ့သို့ လုံခြုံစိတ်ချစွာ ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI