Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

အလုံးစုံမော်တော်ယာဉ်အာမခံလျော်ကြေးပေးအပ်ခြင်း

First National Insurance တွင် အာမခံထားငွေ ကျပ် – ၂၃,၁၇၀,၀၀၀/-၊ အာမခံကြေး ကျပ် -၂၆၂,၂၈၃/- ဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသည့် SUZUKI ERTIGA အမျိုးအစားမော်တော်ယာဉ်သည် ကျောက်ပန်းတောင်းမှ ရန်ကုန်သို့အပြန် မိုင်တိုင် (၂၀၈) အနီးအရောက်တွင် ရှေ့ဘယ်ဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းနှင့်တိုက်မိပြီး ယာဉ်ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါထိခိုက်ပျက်စီးမှုတွင် အာမခံထားသည့်ယာဉ်ပျက်စီးမှုအား လုံးဝဆုံးရှုံးမှု (Total Loss) အဖြစ် သတ်မှတ်၍ လျော်ကြေးငွေ ကျပ် – ၂၃,၁၇၀,၀၀၀/- (နှစ်ရာသုံးဆယ့်တစ်သိန်းခုနှစ်သောင်းကျပ်တိတိ) ကို FNI က (၂၄.၁.၂၀၂၀) သောကြာနေ့၌ အမှတ် (၁၄/ခ)၊ အောင်သုခလမ်း၊ အမှတ် (၅) နယ်မြေ၊ ပုသိမ်မြို့ရှိ FNI ပုသိမ်ဒေသရုံးခွဲတွင် အာမခံထားရှိသူထံသို့ ပေးလျော်ခဲ့ပါသည်။

သောကကင်းဝေး စိတ်အေးစေနိုင် FNI

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI