Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

𝗔𝗴𝗲𝗻𝘁 𝗔𝗽𝗽𝗿𝗲𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗻𝗻𝗲𝗿 (𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆)

𝐅𝐍𝐈 (𝐆𝐞𝐧𝐞𝐫𝐚𝐥) ၏ အာမခံကိုယ်စားလှယ်များအား ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ ရက်နေ့တွင် မန္တလေးမြို့ရှိ 𝐔𝐧𝐢𝐪𝐮𝐞 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐬𝐬𝐞𝐫𝐢𝐞 တွင် ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ 𝐔𝐩𝐩𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဆုရကိုယ်စားလှယ်ကြီးများ၊ နယ်ဒေသရုံးခွဲများမှတာဝန်ခံများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲတွင် ရှေးဦးစွာ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက အာမခံဈေးကွက်အလားအလာနှင့် လက်ရှိအခြေအနေများ၊ FNIG ၏ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ မိတ်ဟောင်းမိတ်သစ် Customer များအား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အာမခံကိုယ်စားလှယ်ကြီးများနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ အစဉ်အဆက်အတူလက်တွဲဆောင်ရွက်လာသော အာမခံကိုယ်စားလှယ်ကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်ဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီး Head of Agency ဒေါ်ဇာခြည်သဲက FNIG Agency Department အနေနဲ့ အာမခံကိုယ်စားလှယ်များနှင့် အတူရှေ့ဆက်လုပ်ဆောင်သွားမည့်အစီအစဉ်များကို ပြောကြားခဲ့ပါသည်။

ထို့နောက် (၂၀၂၀-၂၀၂၁) ခုနှစ်အတွင်း လက်တွဲဆောင်ရွက်ခဲ့သော အထက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် ၅ ဦးတို့အား 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 (𝐂𝐄𝐎’𝐬 𝐀𝐰𝐚𝐫𝐝) ကို ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ကြပြီးနောက် အာမခံကိုယ်စားလှယ်ကြီးများနှင့် အာမခံလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI