Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

𝗔𝗴𝗲𝗻𝘁 𝗔𝗽𝗽𝗿𝗲𝗰𝗶𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗻𝗻𝗲𝗿 (𝗬𝗮𝗻𝗴𝗼𝗻)

𝐅𝐍𝐈 (𝐆𝐞𝐧𝐞𝐫𝐚𝐥) ၏ အာမခံကိုယ်စားလှယ်များအား ကျေးဇူးတင်ဂုဏ်ပြုညစာစားပွဲကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ Yangon Region နှင့် Lower Myanmar မှ ဆုရကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲတွင် ရှေးဦးစွာ FNIG ၏ Chief Executive Officer Mr.Indren Stephen Naidoo မှ Video Recording ဖြင့် ယခုလိုစွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဆုရအာမခံကိုယ်စားလှယ်ကြီးများနှင့် အတူလက်တွဲလုပ်ဆောင်လျက်ရှိသော အာမခံကိုယ်စားလှယ်များကို ကျေးဇူးတင် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းက အာမခံဈေးကွက်အလားအလာနှင့် လက်ရှိအခြေအနေများ၊ FNIG ၏ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ မိတ်ဟောင်းမိတ်သစ် Customer များအား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အာမခံကိုယ်စားလှယ်ကြီးများနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ အစဉ်အဆက်အတူလက်တွဲဆောင်ရွက်လာသော အာမခံကိုယ်စားလှယ်ကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် Head of Agency ဒေါ်ဇာခြည်သဲက FNIG Agency Department အနေဖြင့် အာမခံကိုယ်စားလှယ်များနှင့် အတူရှေ့ဆက်လုပ်ဆောင်သွားမည့်အစီအစဉ်များကို ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့နောက် (၂၀၂၀-၂၀၂၁) ခုနှစ်အတွင်း လက်တွဲဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းမှ အာမခံကိုယ်စားလှယ် (၅) ဦးနှင့် အောက်မြန်မာပြည်မှ အာမခံကိုယ်စားလှယ် (၃) ဦးတို့အား 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 (𝐂𝐄𝐎’𝐬 𝐀𝐰𝐚𝐫𝐝) ဂုဏ်ပြုဆုတံဆိပ်နှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ကြပြီးနောက် အာမခံကိုယ်စားလှယ်ကြီးများနှင့် အာမခံလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI