Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI က ပြည်မြို့နယ်လုံးဆိုင်ရာ သီလရှင်များအကျိုးတော်ဆောင်အဖွဲ့သို့ အလှူငွေပေးအပ်လှူဒါန်းခြင်း

FNI (ပြည်ရုံးခွဲ) က ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၈ ရက် (သောကြာနေ့) ၌ ပထမအကြိမ် ပြည်မြို့နယ်လုံးဆိုင်ရာ ဝါဆိုသီလရှင်များအား သီလရှင်ဝတ်စုံလှူဒါန်းနိုင်စေရေးတွင် ဝတ်စုံ (၅၀) စုံစာအတွက် အလှူငွေ -၃၇၅,၀၀၀/- ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

FNI အနေဖြင့် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ကြရာတွင် ဦးစီးဦးဆောင် ဆောင်ရွက်နေကြသော သာသနာ့ဝန်ထမ်း ရှင်ရဟန်း/ သာမဏေများအား ပစ္စည်းလေးပါး အထောက်အပံ့ပြုရင်း တစ်ဖက်တစ်လမ်းက သီလရှင်များမှလည်း ဆောင်ရွက်လျက်ရှိရာ ပြည်တစ်မြို့နယ်လုံးရှိ သီလရှင်များ၏ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ပြည်မြို့နယ်လုံးဆိုင်ရာ သီလရှင်များ အကျိုးတော်ဆောင်အဖွဲ့တွင် ယခုလိုပါဝင်လှူဒါန်းခွင့် ရရှိခဲ့ခြင်းအတွက် အထူးပင်ဝမ်းမြောက်မိပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI