Language

Call Center:01-9010900

24 Hours Claim Hotline:09-940777888

Call Center:01-9010900 24 Hours Claim Hotline: 09-940777888
PREMIUM CALCULATOR

FNI က MYANMAR TRUCKING & LOGISTICS CONFERENCE AND EXPO 2018 တွင် Main Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့

FNI က MYANMAR TRUCKING & LOGISTICS CONFERENCE AND EXPO 2018 တွင် Main Sponsor အဖြစ် ပူးပေါင်းပါဝင်ခဲ့

FNI (ပထမအမျိုးသားအာမခံ) က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ၌ ၂၀၁၈ ခုနှစ်၊ မေလ၊ ၁၂ ရက်နှင့် ၁၃ ရက်နေ့၊ (၂) ရက်တာကျင်းပမည့် မြန်မာနိုင်ငံ၏

ပထမဦးဆုံးယာဉ်ပိုင်ရှင်ကြီးများညီလာခံနှင့် Logistic ဝန်ဆောင်မှုဆိုင်ရာ Expo နှင့် ပြပွဲများဖြစ်သည့် MYANMAR TRUCKING & LOGISTICS CONFERENCE AND EXPO 2018 တွင် Main Sponsor အဖြစ် ပူးပေါင်းပါဝင်ထားပါသည်။

အဆိုပါ MTLCE 2018 ပထမနေ့ပွဲတွင် FNI အနေဖြင့် FNI Booth တွင် ပြပွဲလာမိဘပြည်သူများကို အာမခံအမျိုးအစားများအကြောင်းရှင်းလင်းပြောကြားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့်အတူ အာမခံ၏အကျိုးကျေးဇူး၊ အထွေထွေအာမခံအမျိုးအစားများအား မိတ်ဆက်တင်ပြခြင်း၊ အဆိုပါပွဲနှင့် ပတ်သက်ဆက်နွယ်သည့် အာမခံအမျိုးအစားများဖြစ်သော အလုံးစုံမော်တော်ယာဉ်အာမခံ၊ ကုုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံများအကြောင်းကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ရန်ကုန်မြို့တွင် ပထမအကြိမ်ကျင်းပသည့် အဆိုပါ MTLCE 2018 ပွဲသည် မြန်မာနိုင်ငံ၏ ပထမဆုံးယာဉ်ပိုင်ရှင်ကြီးများညီလာခံနှင့် Logistic ဝန်ဆောင်မူဆိုင်ရာ EXPO နှင့် ပြပွဲများ၊ အာမခံလုပ်ငန်းရှင်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်ကြီးများ၊ Lease Purchase လုပ်ငန်းရှင်ကြီးများ တွေ့ဆုံနှီးနှောဖလှယ်ပွဲကြီးဖြစ်ပြီး အစီအစဉ်ပေါင်းများစွာဖြင့် နေ့စဉ်နံနက် (၉းဝ၀) နာရီမှ ညနေ (၅းဝ၀) နာရီအထိ(၂) ရက်တာ မြိုင်ဆိုင်စွာ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ MTLCE 2018 ပွဲတွင် FNI အနေဖြင့် Myanmar Trucking & Logistics Industry ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အာမခံအနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် တစ်ဖက်တစ်လမ်းမှပါဝင်ကူညီရန်၊ အာမခံ၏အကျိုးကျေးဇူးများကို ပြည်သူလူထုသို့ ယခုလိုပွဲများကျင်းပ၍ မျှဝေပေးခြင်းဖြင့် Myanmar Trucking & Logistics Industry မှ လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွါးကိုမမျှော်မှန်းနိုင်သည့် ဖြစ်ရပ်များကြောင့် ဆုံးရှုံးမှုများမှ ကာကွယ်မှုပေးနိုင်ရန်နှင့် အာမခံစနစ်ကိုအသုံးပြုခြင်းဖြင့် မိမိပိုင် တန်ဖိုးရှိအရာများဆုံးရှုံးခြင်းကို ရင်းစားပြန်လည်ရရှိနိုင်ကြောင်း အသိပညာမျှဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုလို Main Sponsor အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

/

သောကကင်းဝေး စိတ်အေးစေနိုင် FNI