Call Center:01-9010900
24 Hours Claim Hotline:09-940777888
Call Center:01-9010900 24 Hours Claim Hotline: 09-940777888FNI (General) နှင့် ယုံကြည်စွာ လက်တွဲလုပ်ကိုင်လာကြသော Business လုပ်ငန်းရှင်ကြီးများနဲ့အတူ Premium Partners Gala Night ကို ၂၀၂၆ ခုနှစ်၊ April (၁) ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ FNIG ၏ Chief Executive Officer Mr. Indren Stephen Naidoo၊ သက်ဆိုင်ရာ Department Heads များ Business Company များမှ တာဝန်ရှိလူကြီးမင်းများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ Chief Executive Officer Mr. Indren Stephen Naidoo က အဖွင့် အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ ဆက်လက်၍ General Manager, Daw Zin Min Thu@ Lori မှ ရေရှည်ခိုင်မာသော Relationship တည်ဆောက်ပြီး FNIG (Sales Department) ရဲ့ Business to Business လုပ်ငန်းများပိုမို လက်တွဲလုပ်ဆောင်ကာ အောင်မြင်မှုများကိုလက်တွဲရယူသွားမည်ဖြစ်ကြောင်း ဂုဏ်ပြု အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် (၂၀၂၅-၂၀၂၆) ခုနှစ်အတွင်း လက်တွဲဆောင်ရွက်ခဲ့ကြသော မိတ်ဖက်လုပ်ငန်းပေါင်းများစွာထဲမှ Premium Income အကောင်းဆုံး Business companies (၅) ခုအား Premier Partner Excellent Award (၁) ဆု၊ Excellent Partnership Award (၃) ဆု နှင့် Strategic Partner Award (၁) ဆု တို့ကို ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် Game အစီအစဉ်များ၊ Music band ၏ဖျော်ဖြေမှုများနှင့်အတူ တက်ရောက်လာကြသည့် မိတ်ဖက်လုပ်ငန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပျော်ရွှင်ကြည်နူးစွာ ပါဝင်ဆင်နွှဲခဲ့ပါသည်၊၊
FNI (General) အနေဖြင့် ယခုလိုစွမ်းစွမ်းတမံ လက်တွဲဆောင်ရွက်ပေးခဲ့ကြသော Business လုပ်ငန်းများကို ချစ်ခင်ရင်းနှီးစွာဖြင့် အမြဲကျေးဇူးတင်ဂုဏ်ပြုနိုင်ရန်အတွက် အစဉ်အမြဲကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး FNI (General) နှင့် ထာဝရလက်တွဲကာ အောင်မြင်မှုအပေါင်းကို အတူရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#FNIG
#B2B-Premium Partner Gala Night
#Success_Together
သောကကင်းဝေး စိတ်အေးစေနိုင် FNI
Copyright © 2026, First National Insurance.
Powered By Aceplus Solutions Co., Ltd.